Tuesday, August 4, 2015

ပြည်သူကို ကိုယ်နဲ့ထပ်တူ

ယခုအခါ နိုင်ငံ၏ နေရာ အနှံ့အပြားတွင် သမိုင်း တစ်လျှောက် အကြီးမားဆုံးရေဘေးဒုက္ခနှင့်ကြုံ နေရသည်။ ပြည်သူများစွာ ကူ ကယ်ရာမဲ့လျက်ရှိသည်။ နိုင်ငံ အတွက်တော့ ကြေကွဲစရာနေ့ ရက်များဟု ဆိုရမည်။ သို့သော် ရေဘေးသင့်သူများကို ရေဘေး ကင်းလွတ်သည့်အရပ်ဒေသမှ ပြည်သူများက ဝိုင်း၍အင်တိုက် အားတိုက် ကူညီနေကြသည်။ အလှူခံသူတွေကခံ၍ ကိုယ်ထိ လက်ရောက်ကူညီနေသူတွေက ကူညီ။ ယင်းတို့မှာ တိုင်းပြည်တွင် မည်းနက်သည့် တိမ်ထုကြီးလွှမ်း မိုးခိုက် လျှပ်ပြက်သလို၊ လင်း လက်သွားသော ငွေရောင်တစ်စ မြင်လိုက်ရသလို ကြည်နူးရသည့် မြင်ကွင်းများ။
ပြောရလျှင် နိုင်ငံ၏ သုံးပုံ လျှင် နှစ်ပုံခန့် ရေအောက်ရောက် နေရသည်ဟုပင်ဆိုနိုင်သည်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ် ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင်းရှိ မြို့နယ်၊ ကျေးရွာများမှာ ရေဘေး ကို ကြုံနေရခြင်းဖြစ်သည်။ အချို့ နေရာများတွင် ရေပြန်ကျသွားနေ ပြီဟုဆိုပြီး အချို့နေရာတွေမှာမူ နောက်ထပ် ရေမတိုးလာသည့်တိုင် ရေမှာတန့်နေသည်ဟု နောက်ဆုံးရသတင်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ရေဘေးကူညီကယ်ဆယ် ရေးလုပ်ငန်းများမှာ အချိန်ယူရ မည့်ကိစ္စဖြစ်သည်။ လွယ်လွယ် နှင့်ပြီးသွားမည်မဟုတ်ပါ။ အချို့ နေရာများတွင် ရေပြန်ကျရန်အ တွက် နာရီပေါင်းများစွာ စောင့် ဆိုင်းရဖွယ်အနေအထားတွင်ရှိ သည်။ ထိုသို့ ရေပြန်အကျကို စောင့်နေဆဲတွင် ရေဘေးသင့် ပြည်သူများ၏ စားမှု၊ နေမှု အခက် အခဲကလည်း ကြီးထွားလာဖွယ်ရှိ သည်။ ဩဂုတ် ၂ ရက်နေ့ သတင်း များတွင် စစ်ကိုင်းတိုင်းအတွင်း ဆိုးဆိုးရွားရွားရေဘေးဒဏ်ခံခဲ့ရ သည့် ဒေသတစ်ခုဖြစ်သော ကော လင်းတွင် ရေပြန်ကျသွားသည့် တိုင် အစားအသောက်၊ အဝတ် အထည် အခက်အခဲများကြုံနေရ သည်။ အချို့နေရာများတွင် လူ တွေပိတ်မိနေဆဲဟုလည်း သိရ သည်။
နောက်ထပ် ရေဘေးဒဏ်ကို အကြီးအကျယ်ခံစားရသည်ဟု နာမည်ကျော်သော ပွင့်ဖြူမြို့နယ် တွင်တော့ ဩဂုတ်၂ ရက်နေ့အထိ ရေလုံးဝပြန်မကျသေးဘဲရှိနေပြီး ဒေသခံများအတွင်း ဆန်၊ ဆီ၊ ဆား အစရှိသည့် အစားအသောက်များနှင့် ဆေးဝါးရရှိနိုင်မှု အခက်အခဲ ရှိသည်ဟု သတင်းများက ဆိုသည်။ ကလေးမြို့နယ်မှာတော့ ဩဂုတ် ၂ ရက်နေ့ နံနက်ပိုင်း၌ စိုးရိမ်ရေမှတ်ကို ကျော်လွန်သွား သည်ဟု နိုင်ငံပိုင်သတင်းများတွင် ဖော်ပြသော်လည်း နောက်ဆုံး စုံစမ်းသိရှိရသည့် သတင်းများအရ ဩဂုတ် ၃ ရက်တွင် ရေမှာ ‘တန့်’နေသည်ဟု ဆိုပါသည်။ ယင်းဒေသခံအများစုမှာလည်း အလားတူ စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေသည်။
ဖော်ပြပါ အနေအထားများ အရ ရေဘေးကိစ္စမှာ ရက်ပိုင်း အတွင်း ပြီးပြတ်ဖြေရှင်းသွားနိုင် မည်မဟုတ်သည်မှာ သေချာနေ သည်။ ရေဘေးသင့်ဒေသမှ ပြည် သူများအတွက် လတ်တလော အရေးကြီးသည်မှာ စားနပ်ရိက္ခာ နှင့် ဆေးဝါးအကူအညီဖြစ်သည်။ ရေကြီးမှုကြောင့် လမ်းပန်းဆက် သွယ်ရေးများလည်း ခက်ခဲနေရာ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း ကူညီပေးကြသော အလှူရှင်များအနေဖြင့် လည်း ရေဘေးသင့်ဒေသခံများဆီ သွားရောက်ကူညီရသည်မှာ သိပ်ပြီးမလွယ်ကူလှသည့်ပြဿနာ လည်းရှိနေသည်။
လက်ရှိ မြန်မာပြည်သူများ ခံစားနေရသည့် ရေဘေးမှာ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး အဆိုးရွားဆုံးရင်ဆိုင်ရသည့် သဘာဝ ဘေးအန္တရာယ်ဖြစ်သည်။ ဘာ ကြောင့် အခုလောက်ထိ ဖြစ်သွား ရတာပါလဲ။ ယင်းမေးခွန်းနှင့်ပတ် သက်၍ အစိုးရမှာ ဝေဖန်ခံရသူ များစာရင်းတွင် နံပါတ်တစ်နေရာ ၌ရှိနေသည်။ ရေဘေးနှင့်ပတ် သက်၍ လက်ရှိအစိုးရသည် နာ ဂစ်ဖြစ်ချိန်ကာ တာဝန်ယူထား သော အစိုးရအဖွဲ့ကဲ့သို့ပင် အေး တိအေးစက်နိုင်လွန်းလှသည်။ ရေကြီးရေလျှံမှုတွေ စဖြစ်ပွားစဉ် ကတည်းက သိစိတ်ရှိရှိဖြင့် ကြို တင်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ မည်ဆိုလျှင် ယခုကဲ့သို့ တစ်ပြည် လုံးအတိုင်းအတာ နေရာအနှံ့မှာ အခြေအနေဆိုးဖွယ်ရာမရှိ။ ရှိ သည်ဆိုဦးတော့ တားသည့်နေရာကို တားနိုင်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို ပြီးပြီးစီးစီးပြုလုပ်နိုင်ခဲ့ပေမည်။
တစ်တိုင်းပြည်လုံး ရေဘေး ဒုက္ခတစ်စတစ်စကျရောက်လာ ချိန်တွင် အစိုးရသည် သစ်ခိုးခုတ်၍ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ရှစ်ရက်မျှခံစားခဲ့ရပြီးဖြစ်သော တရုတ်နိုင်ငံသား ၁၀၀ ကျော်အပါ အဝင် အကျဉ်းသားခုနစ်ထောင် နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ ထိုသို့ သစ်ခိုးခုတ်သူ များကို လွှတ်ပေးရကောင်းလား ဝေဖန်ပြစ်တင်မှုများကို ပြန်လည် သင်္ကာရှင်းနေရခြင်းများဖြင့် အ လုပ်ရှုပ်နေခဲ့သည်။ သမ္မတကိုယ် တိုင်ကလည်း တိုင်းပြည်ကို လမ်း ကြောင်းမှန်ပေါ်ရောက်အောင် တည့်မတ်ပေးမည့် လူငယ်လူ လတ်ပိုင်းအရွယ်တွေ ရှားပါး သဖြင့် သူ့အနေဖြင့် ကျန်းမာရေး အရ နားချင်လှတာတောင်မှ ဒုတိယ သက်တမ်းကို တာဝန်ယူသင့်က ယူချင်နေသည့်အကြောင်းကို ထုတ်ပြောနေသည်။ ထိုအချိန် တွင် တိုင်းပြည်၏ ထက်ဝက်ခန့် မှာ ရေမြုပ်နေပြီ။ ပြည်သူတွေက ရရာအထုပ်ဆွဲ၍ မိုးထဲရေထဲတွင် ပြေးနေရပြီ။
အလားတူ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံ ရေးပါတီအများစုမှာလည်း ရက် ပေါင်း ၉၀ ခန့်မျှသာ လိုတော့သည့်အထွေထွေရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်ရေး အလုပ်များနေကြသည်။ ကိုယ်စားလှယ်လောင်းစာရင်းထဲ ပါသင့်သူတွေမပါဘဲ မပါသင့်သူတွေ မပါလို့ဆိုလား၊ အချင်းချင်း ဝိဝါဒအကွဲအပြဲကလည်း ကြီးနေသည့် ဒီရေနှင့် အပြိုင်အဆိုင်ပင်။ ထိုအချိန်တွင် တိုင်းပြည်ထက်ဝက်ခန့်က ရေဘေးသင့်ပြည်သူတွေမှာ ဆန်လိုနေသည်။ ဆီလိုနေသည်။ ဆားလိုနေသည်။ ရေသန့်နှင့် ဆေးဝါးလိုနေသည်။
တာဝန်အရှိဆုံးကတော့ အစိုးရပင်ဖြစ်သည်။ အစိုးရအနေ ဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်လာလျှင် နာဂစ်ဖြစ် ရပ်ကို ယနေ့အထိ သင်ခန်းစာ ကောင်းကောင်းရယူခြင်းမရှိသေး ကြောင်းကို လက်ရှိ ရေဘေး ပြဿနာက သက်သေခံနေသည်။ အထက်တွင် ပြောခဲ့သည့်အတိုင်း အစိုးရအာဏာပိုင်များအနေဖြင့် အရေးပေါ်အခြေအနေကို ခပ်မြန် မြန်ကြေညာ၍ ကြိုတင်ကာကွယ် တားဆီးရေးများ လုပ်နိုင်ခဲ့သင့်ပါ လျက် အေးတိအေးစက်နေခဲ့ သည်။ နေရာအချို့တွင် ရေကြီး ရေလျှံမှုတွေဖြစ်ပြီး အန္တရာယ်က စိုးရိမ်ဖွယ်ဖြစ်နေပါပြီဟု ပြည် တွင်းရှိ လွတ်လပ်သည့် စာနယ် ဇင်းများက ရေးသားဖော်ပြသည် ကိုတောင်မှ ကောလာဟလတွေ ပါဟူ၍ ဆိုခဲ့သေးသည်။
ပြည်သူတွေက ပြောလွန်း မကပြောတော့မှ ဇူလိုင် ၃၁ ရက် နေ့တွင် စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ ကို သဘာဝဘေးအန္တရာယ်ကျ ရောက်ကြောင်း အရေးပေါ်အခြေ အနေကြေညာပြီး ကူညီကယ် ဆယ်မှုများကို ပြုလုပ်ခဲ့သည်။ သမ္မတအပါအဝင် အစိုးရအဖွဲ့မှ လူကြီးမင်းများက ကွင်းဆင်းစစ် ဆေးကြည့်ရှုခဲ့သည်။ အစိုးရ၏ တုံ့ပြန်ပုံမှာ နာဂစ်တုန်းကနှင့် သိပ်ပြီးမကွာလှကြောင်းကို တွေ့ ရသည်။ အဆိုးရွားဆုံးအခြေ အနေထိ အရောက်ခံပြီးမှ ‘‘အ ရေးပေါ်’’ဟု ကြေညာခြင်းဖြစ်ရာ ထိုအချိန်တွင် ရေဘေးသင့်ပြည် သူတစ်သိန်းခွဲနီးပါးရှိနေပြီး လူ ၃၀ နီးပါးသေဆုံးခဲ့ကြောင်း အစိုး ရကပင် သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာ ကူညီရေးအဖွဲ့များက အသေအပျောက်အရေအတွက် ထို့ထက်ပိုမည်ဟု ခန့်မှန်းသည်။
အဆိုပါ ရေဘေးသင့်ပြည် သူများကို အရပ်ဘက်အဖွဲ့အ စည်းနှင့် လူထုလူတန်းစားအသီး သီးက ကိုယ်ထူကိုယ်ထဝိုင်းဝန်း ကူညီပေးနေရသည်။ စုပေါင်း လှူဒါန်းမှုများ ပြုလုပ်ပေးနေကြ သည်။ အစိုးရအနေနှင့်လည်း လို အပ်သည့် စာရေရိက္ခာအတွက် အကူအညီအထောက်အပံ့ပြုနေ သည်မှန်သော်လည်း နိုင်ငံတကာ အကူအညီလိုအပ်ပါက ရယူသင့် သည်။
နောက်ဆုံးသတင်းများ အရ ကုလသမဂ္ဂက လူသားချင်း စာနာထောက်ထားမှုအကူအညီ များပေးသွားမည်ဟုသိရသဖြင့် ဝမ်းသာပါသည်။ အစိုးရအနေဖြင့် နာဂစ်တုန်းက သင်ခန်းစာကို သတိရသင့်သည်။ ရေဘေးသင့် ပြည်သူများကို ထိရောက်သည့် အကူအညီများ မှန်မှန်နှင့် မြန်မြန် ထောက်ပံ့နိုင်ရေးအတွက် နိုင်ငံ တကာနှင့် သင့်သလိုလက်တွဲ ဆောင်ရွက်ရလိမ့်မည်။
အထက်မြန်မာပြည်တွင် ရေဘေးအန္တရာယ်ဖြေရှင်းနေရင်း ဖြင့် ယင်း၏ ဂယက်အဖြစ် မြစ်ဝ ကျွန်းပေါ်နှင့် မြန်မာပြည်အောက် ပိုင်းမှ ဒေသများတွင်လည်း ရေ ကြီးရေလျှံမှုတွေ ဖြစ်လာနိုင်သေး သည်ကို ကြိုတင်ကာကွယ်ထား ရန် အာဏာပိုင်များ သတိပြုသင့် ပါသည်။ အထက်မြန်မာပြည်မှ ရေများအလုံးအရင်းနှင့် အောက် ဘက်စီးလာလျှင် ယခုတစ်ချီခံရ မည်မှာ အောက်ပြည်အောက်ရပ် ဒေသများဖြစ်သည်။ ထို့ကြောင့် လိုအပ်သည့်နေရာများတွင် လို အပ်သလိုကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန်လည်း လိုအပ်ပါ သည်။
တကယ်တော့ လက်ရှိ ကျ ရောက်ကြုံကြိုက်နေရသော ရေ ဘေးဒုက္ခအန္တရာယ်မှာ မသေးလှ ပါ။ လွယ်လွယ်ကူကူလည်း ပြီးစီး သွားမည်မဟုတ်ပါ။ ရေပြန်ကျ သွားသော်မှ ကျန်းမာရေး၊ စီးပွား ရေး အစရှိသည့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအတွက် အချိန်အတော်ကြာ ယူရပါ လိမ့်ဦးမည်။ စိုးရိမ်မိသည်မှာ မကြာမီပြုလုပ်မည့် ရွေးကောက် ပွဲအချိန်ဇယားကလည်း တဖြည်း ဖြည်းနီးလားသည်။ နိုင်ငံရေးရာ ထူးအတွက် အပြိုင်အဆိုင်အ ကြိတ်အနယ်ရှိကြမှာလည်း ကျိန်း သေနေသည်။ ရွေးကောက်ပွဲ အာရုံစိုက်ရင်း ရေဘေးကြောင့် ဒုက္ခရောက်နေရသည့် ပြည်သူ များ၏ ဘဝပြန်လည်ထူထောင် ရေးလုပ်ငန်းများ ‘အဖျားရှူး’ မသွားရန် လိုအပ်ပါသည်။ အစိုးရအနေဖြင့် ပြည်သူကို ကိုယ်နှင့် ထပ်တူသဘောထား၍ စောင့် ရှောက်ရပါလိမ့်မည်။ ပြည်သူကို ကိုယ်နှင့်ထပ်တူ သဘောထားနိုင် သော လူပုဂ္ဂိုလ်များ အစိုးရဖြစ်လာ မည့်အချိန်ကိုလည်း ကျွန် တော်တို့စောင့်နေပါသည်။
ဝင်းဇော်လတ်

2 comments:

  1. ကယ်ဆယ်ရေးလုပ်နေတာကစစ်သား၊တည်းခိုနေတာကဘုန်းကြီးကျောင်း မြန်မာပြည်သူတွေလက်တွေ့ မြင်နေရတာကိုပဲယုံပါ။တဖက်စောင်းနင်းမီဒီယာကလုပ်ကြံသတင်းလွင့် ၊NGO INGO တွေ နိုင်ငံရေးလုပ်စားတွေဘယ်ရောက်နေပါလိမ့် ။ကိုယ့် ဒုက္ခကိုယ်ဖန်တီးတဲ့ သူပုန်နဲ့ ၊ကုလားကိုတော့ လှုချင်တဲ့ UNHCR သဘာဝဘေးကျတော့ မလှုဘူးလား။ရေနစ်နေလျှက်နဲ့ သေနတ်ကိုင်ပြီးအစိုးရကိုပြန်တိုက်တယ်ဆိုမှနိုင်ငံတကာကလှုမှာလား။အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။

    ReplyDelete
  2. ဗလီဆရာနဲ့ နိုင်ငံသားဖြစ်ချင်တဲ့ သူတွေဘယ်ရောက်နေလည်း၊နိုင်ငံသားပေးချင်တဲ့ အဖွားကြီးရေနစ်နေတာကြာမှဟန်ပြလောက်လာလုပ်မနေနဲ့ ။

    ReplyDelete