Thursday, August 27, 2015

‘‘ငဘကို မြန်မာဇာတ်ကားတွေနဲ့ယှဉ်ရင်တော့ လုံးဝစိတ်ကျေနပ်တယ်’’

ကျော်သူနှင့် စကားစမြည်
Thursday, August 27, 2015

ဓာတ်ပုံ-ဒါရိုက်တာမျိုးထူးဖေ့စ်ဘွတ်
ရုပ်ရှင်လောကမှ ရှစ်နှစ်ခန့်အနား ယူခဲ့သည့် သရုပ်ဆောင်ကျော်သူ က ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ် ကားများကို ဆက်တိုက်ပြန်လည် ရိုက်ကူးလာသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ကိုလိုနီခေတ် တောင် သူလယ်သမားဘဝကို သရုပ်ဖော် သည့် ‘ငဘ’ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး စက်တင်ဘာလဆန်း တွင် နောက်ထပ် ရုပ်ရှင်ဇာတ် ကားသစ်တစ်ကားကို ထပ်မံရိုက် ကူးမည်ဖြစ်သည်။ ထို့ကြောင့် ကျော်သူကို ‘ငဘ’ရုပ်ရှင်ရိုက်ကူး မှုအပါအဝင် ၎င်း၏ အနုပညာ လှုပ်ရှားမှုများအကြောင်း မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါ သည်။


ပရော်ဖက်ဆာ ဒေါက်တာဆိတ် ဖွား ဇာတ်ကောင်ပြီးတဲ့နောက်မှာ ‘ငဘ’ဇာတ်ရုပ်ကို သရုပ်ဆောင်ရ တဲ့ခံစားချက်က ဘယ်လိုရှိပါ သလဲ။

‘ငဘ’ကတော့ ဝတ္ထုဖတ်ပြီး ကတည်းက ငဘရဲ့ မုဒ်ဝင်သွား တဲ့အတွက် ငဘကို ဂျပန်ကဖမ်း သွားပြီး သတ်ဖို့လုပ်တဲ့အချိန်မှာ ငဘတို့မိသားစုကို အမြဲတမ်းဒုက္ခ ပေးနေတဲ့ ကျော်ရဲအောင်လွှတ် ပေးလို့ ငဘထွက်ပြေးသွားတယ်။ ဒါပေမဲ့ အဲဒီဇာတ်ကိုဖတ်လို့ အဲဒီ အချိန်ရောက်ရင် ကျော်ရဲအောင် ကို သတ်ပြီးမှ ထွက်ပြေးချင် တယ်။ ဒါကြောင့် ဒါရိုက်တာကို ပြောတော့ ဒါရိုက်တာကလည်း ခွင့်ပြုတယ်။ မောင်နိုင် (ကျော်ရဲ အောင်)ကလည်း ခွင့်ပြုတယ်။ အဲဒါကြောင့် အဲဒီတစ်ခုတော့ နည်းနည်းပြောင်းထားတယ်။ ကျန်တာတွေကတော့ တူအောင် လုပ်ရတယ်။ ဒီကားနဲ့ပတ်သက် ပြီး စိတ်ကျေနပ်မှုကတော့ ၇၅ ရာခိုင်နှုန်းကျေနပ်တယ်။ နိုင်ငံ တကာက ကားတွေနဲ့ယှဉ်ရင် ပေါ့။ မြန်မာကားတွေနဲ့ယှဉ်ရင် တော့ လုံးဝစိတ်ကျေနပ်တယ်။

ဒီဇာတ်ကားရိုက်ဖို့အတွက် နှစ် တော်တော်ကြာဝတ်ထားတဲ့ နား တောင်းကို ချွတ်ခဲ့သလို ဇာတ်ဝင် ခန်းအတွက် ပစ္စည်းတွေလည်း စုခဲ့တာဆိုတော့ အဲဒီအကြောင်း ပြောပြပေးပါလား။

နားတောင်းကတော့ ဖြုတ် ပစ်လိုက်ရတယ်။ နားတောင်း နောက်ပိတ်ဆိုရင် အသားထဲကို မြုပ်နေလို့ ခွဲထုတ်လိုက်ရတယ်။ ဇာတ်ဝင်ခန်းအတွက် ပစ္စည်းတွေ ကိုလည်း တတ်နိုင်သလောက် စုခဲ့တယ်။ နှစ်တစ်ရာကျော်ကြာ ပြီဖြစ်တဲ့ လယ်သမားစပါးရိတ်တဲ့ တံစဉ်ကို ဇာတ်ဝင်ခန်းထဲမှာသုံးခဲ့ တယ်။ ကားတွေဆိုရင်လည်း ရှာ ပြီးရိုက်ခဲ့တယ်။ ယူနီဖောင်းက တော့ ခါတိုင်းရုပ်ရှင်ရိုက်နေကျ ယူနီဖောင်းကိုပဲသုံးရတာပေါ့။

ငဘကတော့ ကျွန်တော် တတ်စွမ်းတဲ့ အနုပညာနဲ့တော့ အစွမ်းကုန်လုပ်ထားတာပါပဲ။ တချို့ကတော့ ဝေဖန်ကြတာ ပေါ့။ ဇာတ်ကားမကြည့်သေးဘဲနဲ့ ငဘရဲ့ ခန္ဓာကိုယ်က ကျော်သူနဲ့ ယှဉ်ရင်မလိုက်ဘူး။ ဝနေတယ် ပေါ့။ ဒါပေမဲ့ ဆရာမောင်ထင်ရဲ့ ဝတ္ထုကိုသေချာဖတ်ကြည့်ပါ။ ငဘက အဖိနှိပ်ခံလယ်သမား၊ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်ရှိ တယ်လို့ တစ်လုံးမှမပါဘူး။ တစ်ခုပဲ ငဘဆေးရုံမှာ သူ့ဒဏ်ရာကိုဆေးကုတဲ့အချိန် ဆေးရုံခုတင်ပေါ်မှာ ကားရားကြီးမှောက်နေ တာကို ဖားပြုတ်ကြီးကားရား မှောက်သလို တွဲလောင်းကြီးဖြစ် နေတယ်ဆိုတော့ ငဘရဲ့ ခန္ဓာ ကိုယ်ဘယ်လိုရှိတယ်ဆိုတာကို ခန့်မှန်းလို့ရတယ်။ ဆရာမောင် ထင်သာ ငဘရဲ့ ခန္ဓာကိုယ်က ပိန်ပိန်သွယ်သွယ်လေးဆို ဆေးရုံခုတင်ပေါ်မှာ အိမ်မြှောင်လေးတစ်ကောင် ကားရားဖြစ်နေတယ်လို့ ရေးမှာပေါ့။ ဖားပြုတ်ကြီးဆို ကတည်းက ကျွန်တော့်ခန္ဓာကိုယ် ပဲပေါ့။

ရုပ်ရှင်တစ်ကား ထပ်ရိုက်ဖို့လက် ခံထားတာဆိုတော့ ဘယ်လို ဇာတ်ကားမျိုးလဲ။ ဘယ်လိုကာ ရိုက်တာနဲ့ သရုပ်ဆောင်ရမှာလဲ။

နာရေးလုပ်တဲ့နေရာမှာ မကျွတ်မလွတ်တာတွေရှိတယ်။ အဲဒါကို အသိတရားရအောင်၊ အယူသီးမှုတွေပပျောက်အောင် မကျွတ်မလွတ်တဲ့ သတ္တဝါတွေ အကြောင်းပေါ့။ ဒီကားထဲမှာ ကျွန်တော်က မကျွတ်လွတ်သေး တဲ့ ပြိတ္တာအနေနဲ့ ပါဝင်မှာ။ ရွှေ မန်းသဘင်က ကိုချမ်းသာရဲ့ဇာတ် ကို ကိုငြိမ်းမင်းက ဇာတ်ညွှန်းရေး ပေးတယ်။ ဒါရိုက်တာက ဝင်း ထွန်းထွန်းပါ။ စက်တင်ဘာ ၁၀ ရက်လောက်စရိုက်မှာပါ။

ရေဘေးနဲ့ပတ်သက်ပြီးတော့ ကော ဘာတွေလုပ်ပေးဖြစ်လဲ။

ကျွန်တော်ကတော့ အသက် အရွယ်ကြောင့် တောက်လျှောက် မလိုက်နိုင်တော့ဘူး။ အရင်တုန်း ကဆို တောက်လျှောက်လိုက် တာ။ နာဂစ်တုန်းကဆိုရင်လည်း အကုန်လိုက်တယ်။ အခုတော့ မလုပ်နိုင်တော့ဘူး။ အသင်းက နေပဲ နိုင်သလောက်လုပ်ပေး တယ်။ ရေဘေးအတွက် အထုပ် ထုပ်နေတာတွေ လုပ်ပေးတယ်။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက် တွေကို တာဝန်ပေးရမယ်။ တစ် ချိန်လုံးခေါင်းဆောင်နေလို့မရ ဘူး။ တစ်ချိန်မှာတော့ နေရာပေး ရမယ်။ အဲဒါကြောင့် သူတို့ကို နေရာပေးပြီး ဦးဆောင်ခိုင်းထား တယ်။

ကျေးဇူးတင်ပါတယ်။
7 day

No comments:

Post a Comment