Thursday, August 27, 2015

နမ့်စန်ရှိ ဒီချုပ်ဆိုင်းဘုတ် ဖျက်ဆီးသူငါးဦး တရားရုံးမလာ၍ ဖမ်းဝရမ်းထုတ်


ဖျက်ဆီးခံရသည့် ရပ်ကျေးဆိုင်းဘုတ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရပ်ကျေးဆိုင်းဘုတ်ဖျက်ဆီးခဲ့သူ လေးဦးနှင့် ခိုင်းစေညွှန်ကြားသူ မတ် ကျန်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၊ စုစုပေါင်းငါးဦးကို နမ့်စန်မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သတင်းရရှိ သည်။၎င်းတို့ငါးဦးကို နမ့်စန်မြို့ နယ်တရားရုံးတွင် နမ့်စန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကတရား လိုပြုလုပ်၍ ပုဒ်မ ၄၂၇ အကျိုး ဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် တ ရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ ခြင်းဖြစ်သည်။သို့သော် ၎င်းတို့ ငါးဦးမှာ တရားရင်ဆိုင်ရန် မလာရောက် သဖြင့် သြဂုတ် ၂၁ ရက်စွဲဖြင့် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက် ကြောင်း သတင်းရရှိသည်။

‘‘တရားရုံးကိုမလာဘူး။ ရုံး ချိန်းကိုမလာတော့ နမ့်စန်မြို့နယ် တရားရုံးကနေ ခိုင်းစေသူတစ်ဦး နဲ့ ကျူးလွန်လူ လေးဦးပေါင်းငါး ဦးကို ဖမ်းဝရမ်းထုတ်လိုက်တာပါ’’ ဟု ဦးနေဇော်နိုင်ကပြောသည်။

အဆိုပါဖမ်းဝရမ်းကို နမ့်စန် မြို့နယ်တရားရုံးမှတစ်ဆင့် နမ့် စန်မြို့မရဲစခန်းသို့ လွှဲပြောင်းထား ၍ဖမ်းဝရမ်းထုတ်ပြီးဖမ်းမိခြင်း ရှိ၊ မရှိ သွားရောက်ကြည့်ရှုရဦးမည် ဖြစ်ကြောင်း နမ့်စန်မြို့နယ် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်မှ သ တင်းရရှိသည်။

‘‘ဖမ်းဝရမ်းရထားတာတော့ မှန်ပါတယ်။ ဌာနေပြည်သူ့စစ်အ ဖွဲ့ကဖြစ်နေတဲ့အတွက် ၀ရမ်းကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်အထိ ပြန်ပြီးတော့တင်ပြထား ပါတယ်’’ ဟု နမ့်စန်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြော ကြားသည်။

နမ့်စန်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်ကွက် နှင့်ကျေးရွာဆိုင်းဘုတ် (၂၆) ခုကို ဇူလိုင် ၂၁ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ဓားရှည်ကိုင် လူငယ် လေးဦးက လိုက်လံဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ညတွင်းချင်းပင် ရဲများကဖမ်းဆီးခဲ့သည်။

ထို့နောက် ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းတွင် ရဲအရေးမပိုင်၍ ဟုဆိုကာ ပြန်လည်လွှတ်ပေးခဲ့ သည်ဟု နမ့်စန်မြို့နယ် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်မှ သ တင်းရရှိသည်။

ပြန်လည်လွှတ်ပေးခဲ့သည့် လူငယ်လေးဦးမှာ စိုင်းမောင် (၂၂) နှစ်၊ စိုင်းစံ (၁၈) နှစ်၊ စိုင်း ထွန်းခိုင် (၂၅) နှစ်နှင့် အိုက်ဆာ (၁၉)နှစ်တို့ဖြစ်ပြီး နမ့်စန်မြို့နယ် ရှိ မတ်ကျန်းဌာနေပြည်သူ့ဆက် ဆံရေးရုံးမှ ဦးအောင်သန်း(ခ) ဦး လုံးသန်း၏ ခိုင်းစေချက်အရ ပြု လုပ်ခြင်းဖြစ်သည်ဟု ၀န်ခံထား ကြောင်း ဦးနေဇော်နိုင်က ပြော ကြားသည်။

နမ့်စန်မြို့တွင် အခြေစိုက် ပြည်သူ့စစ်အဖွဲ့ လေးဖွဲ့ခန့်ရှိပြီး နားပွဲဌာနေပြည်သူ့စစ်၊ PNA ပ အိုဝ်းအမျိုးသားဌာနေပြည်သူ့စစ်၊ နားရိုင်း (SSS) ဌာနေပြည်သူ့စစ် နှင့် မတ်ကျန်းဌာနေပြည်သူ့စစ် တို့ဖြစ်သည်။

ပြည်သူ့စစ်အဖွဲ့သည်တပ်မ တော်၏ ကွပ်ကဲမှုအောက်တွင်ရှိ ပြီး ယခင်မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့များကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းထားခြင်း ဖြစ် သည်။
7 day

No comments:

Post a Comment