Wednesday, August 12, 2015

သမ္မတဦးသိန်းစိန် ပစ္စည်း ၃၆ မျိုးပါ အလှူသေတ္တာတစ်ပုံးစီကို ရေဘေးသင့်အိမ်ထောင်စုများအား လှူဒါန်း

နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က ရေဘေးသင့်ပြည်သူ များအတွက် လူငါးဦးရှိ မိသားစု တစ်ခုလျှင် ပစ္စည်း ၃၆ မျိုးပါ အလှူသေတ္တာတစ်ပုံးစီ ထောက်ပံ့လှူ ဒါန်းသွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် သြဂုတ် ၁၁ ရက်က ၎င်းကိုယ်တိုင်လှူဒါန်းထားသော အဆိုပါပစ္စည်း ၃၆ မျိုးအပါအ၀င် ရေဘေးသင့် ပြည်သူများထံ သွားရောက်လှူ ဒါန်းမည့် ထောက်ပံ့ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဦးဘုန်းမြင့်၏ လူမှုကွန်ရက်စာမျက်နှာ တွင် ဖော်ပြထားသည်။
ရေဘေးသင့်ပြည်သူများ အား လူငါးဦးပါမိသားစုတစ်စုအ တွက် ပစ္စည်း ၃၆ မျိုးပါ ကော် သေတ္တာပုံးတစ်ပုံးစီပေးသွားမည် ဖြစ်သည်။ အကယ်၍ လူငါးဦးထက်ပိုသော အိမ်ထောင်စုဖြစ်ပါက သေတ္တာတစ်ပုံးထက်ပို၍ ပေးသွားမည် ဖြစ်ပြီး လူငါးဦးမပြည့်သော အိမ်ထောင်စုကိုလည်း သေတ္တာတစ်ပုံးစီ ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း စုံစမ်းသိရသည်။
အဆိုပါပစ္စည်း ၃၆ မျိုးတွင် အပ်နှင့် အပ်ချည်မှစ၍ လုံချည်၊ ထဘီများ၊ ခြင်ထောင်တို့အပါအ ၀င် ဓာတ်ဆား၊ ဘီစကွတ်စသည့် အခြေခံလူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းတို့ပါဝင်ပြီး ကာလ တန်ဖိုးကျပ် ၄၅,၀၀၀ခန့်ရှိ ကာ ဒေသအလိုက် ကွာခြားနိုင် ကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအုန်းမြင့်က ၎င်းထံမေးမြန်းလာသူများအား လူမှုကွန်ရက်က တစ်ဆင့် ပြန်လည်ဖြေကြားထား သည်။ သို့သော် လှူဒါန်းမည့် အဆိုပါ ၃၆ မျိုးစာရင်းတွင် အင်္ကျီ မပါကြောင်း လူမှုကွန်ရက်အသုံး ပြုသူများက ထောက်ပြကြသည်။

ထို့ပြင် စက်မှုဝန်ကြီးဌာနက လည်း ရေဘေးသင့်ဒေသများသို့ အထည်အလိပ်များနှင့်တကွ မီး ဖိုချောင်သုံးနှင့် လက်မှုပစ္စည်းများ ပါဝင်သော ကော်သေတ္တာပုံးတစ် ပုံးစီလှူဒါန်းရန် စီစဉ်ထားကြောင်းစက်မှုဝန်ကြီးဌာန ဒုတိယအမြဲ တမ်း အတွင်းဝန်ဦးလှမိုးက ပြော ကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးဆောင် ကျင်းပသည့် ပြန်လည်ထူထောင် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ၀န်ကြီးဌာနများ အနေဖြင့်လည်း ရေဘေးသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေး အတွက် လိုအပ်သည့် အသုံးအ ဆောင်ပစ္စည်းများထောက်ပံ့ပေး ရန် စီစဉ်နေခြင်း ဖြစ်သည်။

ထို့ပြင် သမ္မတကြီး လှူဒါန်း သည့် တန်ဖိုး ၄၅,၀၀၀ ကျပ်တန်ပစ္စည်း ၃၆ မျိုးနှင့် လှူဒါန်းသည့် ရက် ၁၁-၈-၂၀၁၅တို့မှာ ပေါင်းခြင်းအားဖြင့် ကိုးဂဏန်းရရှိနေကြောင်းလူမှုကွန်ရက်သုံးစွဲသူများက တွက်ချက်ထောက်ပြမှုများရှိနေသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီး ချုပ်နှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပြု လုပ်ခဲ့သော ရှင်အပါး ငါးထောင် အလှူပွဲနှင့် အင်းလေးဖောင်တော် ဦးစေတီတော်အလှူကဲ့သို့ ကိုးန ၀င်းအလှူဖြစ်နိုင်ကြောင်းလည်း ထောက်ပြမှုများရှိနေသည်။

2 comments:

  1. လှုတာတွေ ၊အလှုခံတာတွေကိုတွေ့ ရသာအရမ်းဝမ်းသာပါတယ် ။အားလုံးထဲမှာ4TV ကလှုတာစနှစ်အကျဆုံး
    ပါ။ညီတူညီမျှရတယ်ဆိုတော့ ဘာပြသာနာမှလည်းဖြစ်စရာမလိုတော့ ဘူးလေ။ကျွန်တော့် အမြင်ကတော့ အဲ့ ဒီပုံးလေးနဲ့ ဆန်တအိတ်သာတွဲပေးလိုက်လို့ ကတော့ ၁လစာပဲလေ။လူမှု့ ကွန်ယက်ကလည်း အကုသိုလ်ကွန်ယက်ဖြစ်နေပြီ။ဗုဒဘာသာပီပီ မိမိလှုတဲ့ အလှုရော၊သူတပါးလှုတဲ့ အလှုရော ၀မ်းမြောက်ဝမ်းသာရှိမှ
    ငယ်ငယ်နဲ့ မသေပဲအသက်ရှည်ရှည်နေရမှာ။ဘုရားဟောထားတဲ့ ပတ္တိဒါန ၊ပဒ္ဒါန်အနုမောဒါန နဲ့ ကိုက်ညီအောင်နေကြပါ။ဒါနကိုနိုင်ငံရေးမျက်စိနဲ့ မကြည့် နဲ့ ။ပိဠိကတ်သုံးပုံ၊နိကယ်ငါးရပ်၊ဓမ္မခန္ဒာတရားရှစ်သောင်းလေးထောင် ဆိုတဲ့ ဘုရားဟောထားတဲ့ တရားတော်နဲ့  ကြည့် ကြပါ။မြင်ယောင်သေးတယ်နိုင်ငံရေးလုပ်ပြီးအ၀ီစိ
    ဆင်းမဲ့ သူတွေကို။အမြန်ပြင်ယင်အချိန်မှီသေးတယ်။

    ReplyDelete
  2. သဘောကျတယ်ဗျာ ပုံးလေးကလည်းဆန်ထည့် လည်ရတယ်၊အ၀တ်အစားထည့် လည်းရတယ် ။အလှုရှင်ရဲ့ 
    ဒါနအမြင်လေးကိုလေးစားပါတယ်။ဒါနရဲ့ အရှိန်ကနတ်ပြည်ခြောက်ထပ်ရောက်တယ်ဗျ။ဆက်လုပ်ပါ4TV။

    ReplyDelete