Thursday, September 24, 2015

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ အချိန်ပြောင်းပြေးဆွဲမည်


မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များကို စက်တင်ဘာ၂၆ ရက်မှစတင်၍ အချိန်ဇယား အသစ်ဖြင့် ပြောင်းလဲပြေးဆွဲမည် ဖြစ်ပြီး အိပ်စင်ပါသော ရထားတွဲ များကိုမူ တစ်ရက်ခြားတစ်ကြိမ် သာ ပြေးဆွဲတော့မည်ဟု မန္တလေး ဘူတာကြီးရုံပိုင်ရုံးမှ သတင်းရရှိ သည်။မန္တလေး-မြစ်ကြီးနားရထား လမ်းပိုင်းအချို့ ရေကြီးနစ်မြုပ်ကာ ပျက်စီးခဲ့၍ ပြန်လည်ပြင်ဆင်ထားရပြီး လမ်း၏ခံနိုင်ဝန်အရ ရထားများ မိုင်နှုန်းအရှိန်လျှော့မောင်းရသဖြင့် လမ်းခရီးကြန့်ကြာမှုများဖြစ်နေသောကြောင့် ရထားအချိန်ဇယားအသစ်ဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။စက်တင်ဘာ ၂၆ ရက်မှစ၍ မန္တလေး-မြစ်ကြီးနားရထားခရီး စဉ်များကို အချိန်ဇယားအသစ် ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အမှတ် (၃၃) အဆန်ရထားနှင့် (၃၄) အစုန်ရထားဖြစ်သော အိပ်စင်ပါသည့် ရထားအတွဲများကို တစ်ရက်ခြား တစ်ကြိမ်သာ ပြေးဆွဲတော့မည် ဖြစ်သည်။

‘‘နဂိုက မိုင် ၂၀ နှုန်း အရှိန်နဲ့သွားရင် ပြင်ထားတဲ့ လမ်းပိုင်းအနေအထားအရ ၅ မိုင်နှုန်း လောက်နဲ့သွားတယ်။ ခန့်မှန်းခြေ မိုင်နှုန်းပေါ့။ အဲဒီတော့ လမ်းကြာ ချိန်က ပုံမှန်အချိန်တွေထက် သုံး လေးနာရီပိုကြာလာတော့ ခရီး သည်တွေ စီးနင်းရတာ အချိန်မမှန်တာတွေ၊ ကြာလာတာတွေ ဖြစ် လာမှာစိုးလို့ အချိန်ဇယားအသစ် ပြန်ရေးဆွဲရတာပါ’’ဟု မန္တလေးဘူ တာကြီးရုံပိုင်ချုပ်ကြီး ဦးညိမ်း မောင်က ပြောသည်။

အချိန်ဇယားအသစ်ဖြင့် ရ ထားပြေးဆွဲခြင်းကို မန္တလေး-မြစ် ကြီးနားရထားလမ်းပိုင်း အကြီးစားပြင်ဆင်မှုများပြုလုပ်ပြီးချိန်အထိ ယာယီရေးဆွဲထားခြင်းဖြစ် ကြောင်း ဦးညိမ်းမောင်က ဆက် လက်ပြောကြားသည်။

မန္တလေး-မြစ်ကြီးနားရထား ခရီးစဉ်ကို ယခင်က နေ့စဉ်မန္တလေးမှ နဘားဘူတာအထိ အဆန်ရ ထားတစ်စီး၊ မြစ်ကြီးနားဘူတာ အထိ ငါးစီးနှင့် စုစုပေါင်း အဆန်ရထားခြောက်စီးဖြင့် ပြေးဆွဲပြီး မြစ်ကြီးနားဘူတာမှလည်း အစုန် ရထားခြောက်စီးဖြင့် ပြေးဆွဲခဲ့ သည်။

‘‘လူစီးနည်းတဲ့ အိပ်စင်ရ ထားတွဲကိုသာ တစ်ရက်ခြားတစ် ခါပြေးဆွဲတာပါ။ ကျန်တဲ့လူစီး များတဲ့ မြစ်ကြီးနားရထားခရီးစဉ် ကို ပုံမှန်အတိုင်းပြေးဆွဲမှာပါ။ လမ်းခရီးစဉ်မှာ ကြာချိန်များသွား တော့ ဘူတာရောက်ရင် တွဲဆိုင်း တွေ စစ်ဆေးဖို့ပြုပြင်ဖို့က အချိန် မရတော့ဘူး။ ခရီးသည်တွေစီးရ တာလည်း အချိန်ကြာလာလို့ အချိန်ဇယားပြောင်းပေးရတာပါ’’ ဟု ဦးညိမ်းမောင်က ပြောသည်။

မန္တလေး-မြစ်ကြီးနားရထား ခရီးစဉ်ကိုသာ အချိန်ဇယားပြောင်းလဲပြေးဆွဲမည်ဖြစ်သော်လည်း ကျန်သည့် မန္တလေးမှသွားလာ သည့် ရထားခရီးစဉ်များကိုမူ ပြောင်းလဲခြင်းမရှိကြောင်း မန္တလေးဘူတာကြီးရုံပိုင်ရုံးမှ သိရ သည်။

ပျက်စီးသွားသည့် မန္တလေး- မြစ်ကြီးနားရထားလမ်းပိုင်းများ အကြီးစားပြင်ဆင်မှုများအတွက် တင်ဒါခေါ်ယူမှုကို စက်တင်ဘာ လကုန် (သို့မဟုတ်) အောက်တို ဘာလကုန်ပိုင်းတွင် ခေါ်ယူရန် ဆောင်ရွက်ထားကြောင်း သိရ သည်။

မန္တလေး-မြစ်ကြီးနားရထား ခရီးစဉ်များတွင် အမှတ် (၃၃) အ ဆန်အိပ်စင်ရထားနှင့် အမှတ် (၃၄) အစုန်အိပ်စင်ရထားများကို တစ်ရက်ခြားတစ်ခါသာပြေးဆွဲ မည်ဖြစ်ပြီး လူစီးများသည့် မန္တ လေးအဆန်ရထားများဖြစ်သော အမှတ် (၃၇) ကို နံနက် ၁၀ နာရီ၊ အမှတ် (၅၅) ကို နံနက် ၅ နာရီ ၄၅ မိနစ်၊ အမှတ် (၅၇)ကို ညနေ ၄ နာရီ၊ အမှတ် (၄၁) ကို ညနေ ၉ နာရီ ၄၅ မိနစ်နှင့် မြစ်ကြီးနားမရောက်မီ နဘား ဘူတာအထိ ရထားအမှတ် (၄၇) ကို ညနေ ၆နာရီခွဲတွင် စုစုပေါင်းအဆန်ရထား ငါးစီးဖြင့် နေ့စဉ်ပြေးဆွဲမည် ဖြစ်သည်။

မြစ်ကြီးနားဘူတာမှလည်း မန္တလေးဘူတာအထိ အစုန်ရထားလေးစီး၊ နဘားဘူတာအထိ တစ် စီး၊ စုစုပေါင်း ငါးစီးဖြင့် ပြေးဆွဲ မည် ဖြစ်သည်။

7 day

No comments:

Post a Comment