Tuesday, September 8, 2015

မော်ဒိုဗာပြည်သူများ ကန်ဒေါ်လာ တစ်ဘီလီယံ လိမ်လည်မှုကို ဆန့်ကျင်ဆန္ဒပြ


အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် "Dignity and Truth" (DA) က ဦးဆောင်ပြုလုပ်သော အစိုးရဆန့်ကျင်ရေးချီတက်ပွဲတွင် မော်ဒိုဗာနိုင်ငံတော်အလံများလွှင့်ထူကာ ပါဝင်သည့် ဆန္ဒပြသူများကို အလယ်ပိုင်း ချီဆင်နုမြို့တွင် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (Valery Korchmar/Reuters)
 လူနေထိုင်မှုအဆင့်အ တန်းများကို ထိခိုက်စေခဲ့သော ကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုး ရှိ ဘဏ်လိမ်လည်မှုနှင့် ပတ်သက် ၍ မြို့တော်ချီဆင်နုတွင် မော်ဒို ဗာနိုင်ငံသား ထောင်ပေါင်းများစွာ စုဝေးကာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဆန္ဒပြကြပြီး သမ္မတနုတ်ထွက်ပေးရန်နှင့် ရွေး ကောက်ပွဲစော၍ ကျင်းပရန် တောင်းဆိုခဲ့ကြသည်။ယင်းဆန္ဒပြပွဲသို့ အခြား ဒေသကြီး၊ ငယ်များမှ ဆန္ဒပြသူ များလည်း လာရောက်ပူးပေါင်းခဲ့ ကြပြီး ဆန္ဒပြသူ ၃၅,၀၀၀ နှင့် ၄၀,၀၀၀ ကြားရှိသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။



၂၀၀၉ ဧပြီက ဖြစ်ပွားခဲ့ သော ကွန်မြူနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲထက် ပိုမိုကြီးကျယ်သည့် ယင်းဆန္ဒပြပွဲတွင် လူပေါင်း တစ် သိန်းကျော် ပါဝင်ခဲ့သည်ဟု ဆန္ဒ ပြပွဲဦးဆောင်သူက ပြောသည်။

အီးယူလိုလားသော မော်ဒို ဗာနိုင်ငံကို ၂၀၁၂ စောစောက တည်းက အုပ်ချုပ်ခဲ့သည့် သမ္မတ နီကိုလီတီတီမိုဖတီ ရာထူးမှ နုတ် ထွက်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

လူဦးရေ ၃ ဒသမ ၅ သန်းရှိ မော်ဒိုဗာနိုင်ငံတွင် လူနည်းစု အာဏာဆုပ်ကိုင်ထားသူများ အဖွဲ့ များ၏ သြဇာအာဏာကို မီးမောင်း ထိုးပြပြီး ဖြစ်ပေါ်နေကျ အကျင့် ပျက်ခြစားမှုကို ဖော်ပြသည့် ဆိုးရွားသော အရှုပ်တော်ပုံအတွင်း ဘဏ်စနစ်မှ ကန်ဒေါ်လာ  တစ်ဘီလီယံ ပျောက်ဆုံးသွားခဲ့သည်။

ယင်းပမာဏာမှာ မော်ဒိုဗာ နိုင်ငံ၏ အသားတင်ထုတ်ကုန် တန်ဖိုး၏ ရှစ်ပုံတစ်ပုံခန့်ရှိသည်။

 ယင်းလိမ်လည်မှုကြောင့် မော်ဒိုဗာနိုင်ငံ၏ ငွေကြေးတန်ဖိုး များစွာ ကျဆင်းခဲ့ပြီး ငွေဖောင်းပွ မှု မြင့်တက်ကာ လူနေထိုင်မှု စံ နှုန်းများ ထိခိုက်ခဲ့ရသည်။

မိသားစုတစ်စု၏ တစ်လ၀င် ငွေ ကန်ဒေါ်လာ ၃၀၀ ခန့်နှင့် ခက်ခက်ခဲခဲ ရပ်တည်နေကြရသူ အ များစုပါဝင်သည့် သာမန်နိုင်ငံ သားများအတွက် မော်ဒိုဗာအုပ် ချုပ်သူများ၏ပုံရိပ် ထိခိုက်ခဲ့ရ သည်။

ဆန္ဒပြသူများက မော်ဒိုဗာ စီးပွားရေးတွင် အချက်အချာကျ သော ကဏ္ဍများကို ထိန်းချုပ်ထား သည့် အလွန်ချမ်းသာသော အာဏာဆုပ်ကိုင်ထားသူများအပေါ် ပြစ်တင်ဝေဖန်ကြပြီး ၎င်းတို့၏ တောင်းဆိုမှုများရရှိသည့် အချိန် အထိ မနားတမ်းဆန္ဒပြမည်ဟု ခြိမ်းခြောက်ထားသည်။

—Ref:Reuters

No comments:

Post a Comment