Tuesday, September 8, 2015

တူရကီကို ဂိုးပြတ်ရှုံးပြီးနောက် နယ်သာလန် ယူရိုခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်နည်းလာ


ကမ္ဘာ့ထိပ်တန်းအသင်းအဖြစ်သတ်မှတ်ခံရသည့် နယ်သာလန်အသင်းသည် တူရကီအား ယူရို ၂၀၁၆ အုပ်စု (A) ပွဲစဉ်တွင် ၃-၀ ဂိုးပြတ်ဖြင့် ရှုံးခဲ့ရပြီး နောက် ခြေစစ်ပွဲအောင်ရန် မျှော် လင့်ချက်နည်းသလောက်ဖြစ် သွားကာ ယူရို ၉၆ တွင် အင်္ဂလန်ကို ၄-၁ ဂိုးပြတ်ဖြင့် ရှုံးပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာသည်။
တူရကီမှာပွဲတွင် အိမ်ရှင်ဖြစ်ပြီး ယခုပွဲနိုင်ခဲ့လျှင် အိုက်စလန် နှင့်ချက်တို့ နောက်၌ တတိယနေရာရမည်ဖြစ်၍ အနိုင်ကစားသွား  သည်။  ထို့ကြောင့် အိုက်စလန်နှင့် ချက်တို့သည် ခြေစစ်ပွဲတိုက်ရိုက် အောင်သွားပြီး တူရကီမှာလည်း နယ်သာလန်ထက် နှစ်မှတ်သာကာ ၁၂ မှတ်ဖြင့် အကောင်းဆုံး တတိယဖြင့် အုပ်စုလက်ကျန်နှစ်ပွဲကစားရန် ပိုမိုအခြေအနေ ကောင်းသွားသည်။
နယ်သာလန်၏ အုပ်စုတက်ရေးကံကြမ္မာမှာလည်း တူရကီလက်ထဲသို့ ကျရောက်သွားသည်။



တူရကီက လက်ကျန်နှစ်ပွဲ တွင်  ချက်၊ အိုက်စလန်တို့နှင့် ကစားရာ၌ အမှတ်လျော့ရမည်ဖြစ်သလို၊ နယ်သာလန်ကလည်း ကာဇက်စတန်နှင့် အဝေးကွင်း၊ချက်နှင့် အိမ်ကွင်းပွဲများ နှစ်ပွဲလုံးနိုင်မှသာ တတိယအကောင်းဆုံး အဖြစ် ခြေစစ်ပွဲအောင်ရေးမျှော်လင့်ချက်ရှိတော့မည်ဖြစ်သည်။  ပွဲတွင်နယ်သာလန်သည် ဗန်ပါစီ၊ ရှနိုက်ဒါ၊ ဒီပေး၊ ဘလင်း စသည့် ထိပ်တန်းကစားသမားများပါဝင် သော်လည်း  ဂိုးမရခဲ့ဘဲ တူရကီအတွက်ဂိုးများကို ဘာစီလိုနာကွင်းလယ်လူ အာဒါတူရန် ခြေစွမ်းပြပြီး ၎င်း၏ ဖန်တီးမှုကို အိုဇယာကွပ် တစ်ဂိုး(၈မိနစ်)၊ တူရန်ကိုယ် တိုင်တစ်ဂိုး (၂၆ မိနစ်) ပထမပိုင်းတွင် သွင်းကာ ဒုတိယပိုင်းပြီးခါနီး ၈၆  မိနစ်တွင် ယီမက်ဇ်က တတိယဂိုးသွင်းခဲ့သည်။ ‘‘တော်တော်ဆိုးပါတယ်။ ခြေစစ်ပွဲအောင်ဖို့ အလွန်ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခွင့်အရေးရှိနေဆဲပါ။ အဆုံးထိတိုက်ပွဲဝင်ပြီး နောက်ဆုံးနှစ်ပွဲ ဘာဖြစ်ဖြစ်ကစားရမှာဖြစ်ပါတယ်’’ဟု တိုက်စစ်မှူး ဗန်ပါစီကပြောသည်။

နယ်သာလန်သည် ယခုပွဲသုံးဂိုးပြတ်ရှုံးခြင်းမှာ ပြိုင်ပွဲကြီးများ၌ အင်္ဂလန်ကို ယူရို ၉၆တွင် ၄-၁  ဂိုးပြတ်ရှုံးပြီးနောက် အကြီးဆုံးအရှုံးဖြစ်ခဲ့သလို ယူရို၈၄ ၌ ခြေစစ်ပွဲနှင့် ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ဘဲ ကျန်ခဲ့ရသည့် အဖြစ်မျိုး ဖြစ်ပေါ်လာဖွယ် ရှိသည်။
—Ref:Daily Mail

No comments:

Post a Comment