Friday, October 9, 2015

ရန်ကင်းတောင်အတက်လမ်းတွင် စွန့်ပစ်ထားသည့် အမျိုးသားအလောင်းမှပစ္စည်းများပျောက်ဆုံးနေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးပြော

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရန် ကင်းတောင်အတက် ကားလမ်း ဘေးတွင် ခရီးဆောင်အိတ်ဖြင့် စွန့်ပစ်ခံထားရသည့် သေဆုံးသူ အမျိုးသားသည် ဆိုင်ကယ်အငှား မောင်းနှင်သူဖြစ်ပြီး ၎င်းအသုံးပြု သည့် ဆိုင်ကယ်၊ ဖုန်းနှင့် ကျပ် ငါးသောင်းတို့ ပျောက်ဆုံးနေ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။

ရန်ကင်းတောင်အတက် ကားလမ်းဘေးတွင် အောက်တို ဘာ ၆ ရက် နံနက် ၇ နာရီခွဲက ခရီးဆောင်အိတ်အတွင်း အမျိုး သားအလောင်းကို ခွေခေါက် ထည့်ကာ လာရောက်စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့သည်။
‘‘သေတဲ့သူကတော့ ဘယ် သူလဲဆိုတာ သိရပြီ။ မသင်္ကာတဲ့ သူကို ခေါ်ယူစစ်ဆေးတာမျိုးမရှိ သေးပါဘူး။ စုံစမ်းနေတုန်းပဲရှိပါ သေးတယ်’’ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။
သေဆုံးသူသည် အသက် (၃၉)နှစ်အရွယ်ရှိပြီး မဟာအောင် မြေမြို့နယ် ဗောဓိကုန်းအလယ် ရပ်နေ ဆိုင်ကယ်အငှားမောင်းနှင် သူဖြစ်ကာ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီက အမျိုး သမီးတစ်ဦး ဖုန်းဆက်ပြီးနောက် နေအိမ်မှ ထွက်ခွာသွားခဲ့ရာမှ ပြန်လည်ရောက်ရှိလာခဲ့ခြင်းမရှိ ကြောင်း သေဆုံးသူ၏ ဇနီးကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ စစ်ဆေး ချက်အရ သိရှိရသည်။
‘‘ရပ်ကွက်ထဲမှာလည်း နေ တာထိုင်တာအေးတယ်။ သူ့မှာ ဘာ ရန်ငြှိုး၊ရန်စမှ မရှိပါဘူး။ ဖုန်းလာလို့ အပြင်ထွက်သွားပြီး နောက်ပိုင်းမှာ ပြန်မလာတော့တာ’’ဟု သေဆုံးသူ၏ဇနီး ဒေါ်နော်သူက ပြောသည်။
အဆိုပါ အမျိုးသားသေဆုံး မှုနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့မ ရဲတပ်ဖွဲ့စခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ ကျူး လွန်သူကို ဖမ်းဆီးရမိရန် စုံစမ်း လျက်ရှိသည်။
7 Day Daily

No comments:

Post a Comment