Friday, October 9, 2015

ပြည်မြို့တွင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရ

ပြည်မြို့တွင် ပြည်ခိုင်ဖြိုးပါ တီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများဓာတ်ပုံပါ အောင်နိုင် ရေးမဲဆွယ်ဆိုင်းဘုတ်တစ်ခု ဖျက် ဆီးခံရကြောင်း ပြည်ခိုင်ဖြိုးပါတီ မှ သတင်းရရှိသည်။
‘‘အောင်နိုင်ရေးမဲဆွယ်ဆိုင်း ဘုတ်ဖျက်ဆီးခံလိုက်ရပါတယ်။ ဘယ်သူဘယ်ဝါရယ်လို့တော့ မ သိပါဘူး။ ဥပဒေအတိုင်း ကော်မ ရှင်ကို တိုင်ကြားတာတို့၊ အမှုဖွင့် ဆောင်ရွက်တာတို့ လုပ်သွားပါ မယ်’’ဟု ပြည်မြို့ရှိ ပြည်ခိုင်ဖြိုးပါ တီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုး(ခ) ဦးမျိုးအောင်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ လွှတ် တော် ကိုယ်စားလှယ် လေးဦးပါ ဝင်သည့် အောင်နိုင်ရေးမဲဆွယ် ဆိုင်းဘုတ်ဖျက်ဆီးခံရခြင်းသည် မည်သည့် အချိန်က ဖြစ်ပွားခဲ့ သည်ကို မသိရှိသေးဘဲ အောက် တိုဘာ ၈ ရက်နေ့လယ်တွင်စတင် သိရှိခဲ့သည်ဟု ဆိုသည်။
ဖျက်ဆီးခံရသည့် ဆိုင်း ဘုတ်သည် ပြည်-ရန်ကုန်လမ်းမ ရှိ မိချောင်းရဲရပ်ကွက်အနီးတွင် စိုက်ထူထားသော ဆိုင်းဘုတ်ဖြစ် ကြောင်း ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးက ပြောသည်။
7 Day Daily

No comments:

Post a Comment