Friday, October 9, 2015

မတ်ပဲလက်ကျန် ပြတ်ခါနီးတွင် တစ်တန်လျှင် ကျပ် ၂၆ သိန်းဖြစ်

ပြည်တွင်း၌ ပဲအထွက် နည်းသည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ရာသီဥတုဖောက်ပြန်ပြီး ၀ယ်လို အားများသဖြင့် ပဲဈေးစံချိန်တင်မြင့်တက်လာကာ မတ်ပဲလက်ကျန်ပြတ်ခါနီးတွင် တစ်တန်လျှင် ကျပ် ၂၆ သိန်းခန့် ဈေးမြင့်လာ ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ မိုးပဲ ထွက်လာသော်လည်း စိုက် ပျိုးချိန်တွင် ရာသီဥတုဖောက်ပြန် မှုကြောင့် တစ်ဧကအထွက်နှုန်း နည်း၍ မြန်မာနိုင်ငံမှ ပဲကို ဆက် လက် ၀ယ်ယူနေကြောင်း ပြည် တွင်းရှိ ပဲကုန်သည်များက ပြော သည်။ ထို့အပြင် ဈေးနှုန်းကိုလည်း ယခင်ထက်တိုးပေးခြင်း၊ ငွေလဲ နှုန်း မြင့်တက်နေခြင်းတို့ကြောင့် ပြည်တွင်းပဲဈေးမှာ စံချိန်တင်မြင့် တက်နေခြင်းဖြစ်သည်ဟု ကုန် သည်များက ပြောသည်။

‘‘ဟိုဘက်က ဈေးတိုးပေးပြီး ၀ယ်တာတွေများနေလို့ ပြည်တွင်း မှာပဲဈေးက ဆက်တိုက်မြင့်တက် နေတယ်’’ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်းအတွင်း ရေးမှူး ဦးမင်းကိုဦးကပြောသည်။
လက်ရှိတွင်ပြည်တွင်းဈေး ကွက်၌ မတ်ပဲနှင့် ပဲတီစိမ်းဈေးမှာ မျှော်လင့်ထားသည်ထက်ပိုမို မြင့် တက်ခဲ့ပြီး ပဲစင်းငုံ အရောင်းအ ၀ယ်မရှိသလောက် နည်းပါးလာ ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် မှ ပဲကုန်သည် တစ်ဦးက ပြော သည်။ လက်ရှိတွင် မတ်ပဲတစ် တန် ကျပ် ၂၅ သိန်းခွဲကျော်ဈေးရှိနေပြီး ပဲတီစိမ်းတစ်တန်လျှင် ကျပ် ၁၇ သိန်းခန့်ဈေးရှိနေသည်။
ပြည်တွင်း၌ မတ်ပဲလက် ကျန်မှာ တန်ချိန် ထောင်ဂဏန်း ခန့်သာရှိပြီး ပဲတီစိမ်းမှာ တန်ချိန် လက်ကျန်နည်းနေကြောင်း သိရ သည်။
ပြည်တွင်း၌ မတ်ပဲဈေးစံချိန် တင်မြင့်တက်ခဲ့၍ ဆောင်းရာသီ တွင် စိုက်ပျိုးရန် မျိုးပဲအတွက် စိုး ရိမ်စရာဖြစ်လာကြောင်း အသင်း တာဝန်ရှိသူများက ပြောသည်။ထို့ ကြောင့် ပြည်ပသို့ ပဲအကုန်မတင် ပို့ဘဲ မျိုးပဲအတွက် လက်ကျန် အ ချို့ထားရှိရန် မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့်နှမ်းကုန်သည်အသင်းက တိုက် တွန်းထားကြောင်း သိရသည်။
7 Day Daily

No comments:

Post a Comment