Friday, October 9, 2015

၂၀၁၅ နိုဗယ်ဆုပေးပွဲမှာ နိုဗယ်ဆုရရှိခဲ့တဲ့ ဓာတုဗေဒ ပညာရှင်

၂၀၁၅ ခုနှစ် နိုဗယ်ဆုပေးပွဲကို ဆွိဒင်နိုင်ငံ ၊ စတော့ဟုန်း မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်အတွက် ဆုကိုတော့ ဓာတုဗေဒ ပညာရှင်သုံးဦးမှ ရရှိသွားခဲ့ပါတယ်။ ဆွိဒင်နိုင်ငံရဲ့ တော်ဝင် သိပ္ပံ အကယ်ဒမီ တစ်ခုရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ် ရဲ့ နိုဗယ်ဆု အတွက် ဓာတုဗေဒ ပညာရှင် သုံးဦးဖြစ်တဲ့ Tomas Lindahl, Paul Modirch နဲ့ Aziz Sancar တို့က ဆွတ်ခူးရရှိသွားတာဖြစ်ပါတယ်။ ယခု ပုံဖြင့် ဖော်ပြထားသူကတော့ Tomas Lindahl ဖြစ်ပါတယ်။ ၄င်းနိုဗယ်ဆုကို ဗုဒ္ဓဟူးနေ့က ကြေငြာသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဓာတုဗေဒ ပညာရှင် သုံးဦးရရှိသွားတဲ့ ဓာတုဗေဒ ဆိုင်ရာ တွေ့ရှိချက်ကတော့ လူတစ်ယောက်မှာရှိနေတဲ့ DNA ကို ပြန်လည် ပြုပြင်ပြီး သက်ရှိဆဲလ်များဟာ ကင်ဆာရောဂါကို ကုသရာမှာ မည်သို့ မည်ပုံ အသုံးဝင်ကြောင်း တွေ့ရှိသွားတဲ့ တွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။

နိုဗယ်ဆုပေးပွဲကို ၁၉၀၁ ခုနှစ်ကတည်းက Alfred Nobel ဆိုတဲ့ ဆွိဒင် နိုင်ငံသားတစ်ဦးက စတင် တီထွင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့နယ်ပယ် အသီးသီးမှ ပညာရှင်များကို နှစ်စဉ် ရွေးချယ်ကာ နိုဗယ်ဆုအဖြစ် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် ရွေးချယ်ခဲ့တဲ့ နယ်ပယ်တွေကတော့ ဆေးဝါးဆိုင်ရာ နယ်ပယ် ၊ ရုက္ခဗေဒ ဆိုင်ရာ နယ်ပယ် ၊ ဓာတုဗေဒ ဆိုင်ရာ နယ်ပယ် ၊ စာပေဆိုင်ရာနယ်ပယ် နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ နယ်ပယ် အသီးသီးတို့အတွက် ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
Ref : VOA
Aung Ko Htet (ရိုးရာလေး)

No comments:

Post a Comment