Monday, October 12, 2015

ခိုးဝင်ဘင်္ဂါလီလေးဦးနှင့် တရားမဝင် ခေါ်ဆောင်လာသူများအား မင်းပြားမြို့အနီးဖမ်းမိ

ခိုးဝင်လာ သည့် ဘင်္ဂါလီလေးဦးနှင့် တရားမဝင်ခေါ် ဆောင်ပေးနေသူနှစ်ဦးတို့ကို ရခိုင်ပြည်နယ် မင်းပြားမြို့အနီး ကားတစ်စီးပေါ်တွင် ဖမ်း မိသဖြင့် မင်းပြားမြို့မရဲစခန်းတွင် တရား မဝင်ခေါ်ဆောင်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စစ်တွေမြို့နယ်မှ ဘင်္ဂါလီလူမျိုး များအား တင်ဆောင်လာသည့် ကားတစ် စီးလာနေကြောင်း လျှို့ဝှက်သတင်းပေးချက် အရ မြို့နယ်ရဲတပ်ဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ရှာ ဖွေစဉ် စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်း ပေါ်ရှိ မင်းပြားမြို့နှင့်ခုနစ်မိုင်အကွာ သံရှင် ကျေးရွာရဲကင်းရှေ့၌ အောက်တိုဘာ၅ရက် ည ၁ဝ နာရီခန့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
''လူမှောင်ခိုပို့တဲ့သူတွေက ကား ကို ဘင်္ဂါလီတွေ ခိုးဝှက်လိုက်လာနိုင်အောင် သေချာပြုပြင်ထားတယ်။ ကားနောက်ခန်း မှာ ဘင်္ဂါလီတွေကိုဝှက်လာတာ တွေ့ရတယ်။ သူတို့ ဒီကဘင်္ဂါလီတွေနဲ့ ဖုန်းအဆက်အ သွယ်ရှိကြတယ်။ အခုလောလောဆယ် သူ တို့ကို ဘင်္ဂါလီတွေက ငွေတစ်သိန်းစီပေးထား ပြီးပြီလို့ပြောတယ်။ ရန်ကုန်ရောက်မှ ကျန် တဲ့ငွေတွေကို ထပ်ပေးမယ်လို့ ကျွန်တော် တို့သိရတယ်''ဟု မင်းပြားမြို့မရဲစခန်းမှ ဒု စခန်းမှူး ရဲအုပ်စိန်ထွန်းဦးက ပြောသည်။
ဘင်္ဂါလီတစ်ဦးလျှင် ကျပ်ခုနစ် သိန်းဖြင့် အခကြေးငွေယူဆောင်ကာ ရန် ကုန်မြို့သို့အရောက် တရားမဝင်ပို့ဆောင်ရန် ခေါ်ယူလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုအား အောက်တိုဘာ ၆ရက်တွင် သံရှင်ကျေးရွာရဲကင်းမှူး ဒုရဲအုပ် တင်ရွှေမှ တရားလိုပြုလုပ်ကာ ဘင်္ဂါလီလေး ဦးအား တရားမဝင်ခေါ်ဆောင်လာသူ မြင့် ဇော်ဝင်းနှင့် အောင်စိုးဝင်းတို့အား မင်းပြား မြို့မရဲစခန်းမှ (ပ)၁၅၁/၂ဝ၁၅၊ တရားမဝင် ပို့ဆောင်မှုပြစ်မှုပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ဖမ်း ဆီးစစ်ဆေးလျက်ရှိပြီး သက်သေခံပစ္စည်း များအား ဖမ်းဆီးသိမ်းဆည်းပြီး စစ်ဆေး လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးထားသည့် ဘင်္ဂါလီလေး ဦးအား မင်းပြားမြို့မ ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအက်ဥပ ဒေဖြင့် အရေးယူရန်ဆောင်ရွက်နေကြောင်း မင်းပြားမြို့မရဲစခန်းမှ သိရသည်။

ဓာတ်ပုံ-ပန်လှအောင်(မြစ်မခ)
The Voice Weekly

No comments:

Post a Comment