Monday, October 12, 2015

တက္ကသိုလ်ရိပ်သာလမ်းပေါ်က အမေရိကန်သံရုံးမျက်စောင်းထိုးရှိ ခြံတစ်ခြံ ဖောက်ထွင်းခံရ

ကမာရွတ်မြို့ နယ် တက္ကသိုလ်ရိပ်သာလမ်းမှ အမေရိကန် သံရုံးမျက်စောင်းထိုးရှိ ခြံတစ်ခြံမှ ငွေကျပ် သိန်းတစ်ထောင်ကျော် ဖောက်ထွင်းမှုအား အထူးအမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မှုခင်းတပ်ဖွဲ့မှသိရသည်။
အဆိုပါအမှုသည် စက်တင်ဘာ ၂ဝရက် ည ၁၂ နာရီဝန်းကျင်တွင် ကမာရွတ် မြို့နယ် (၉)ရပ်ကွက်ရှိ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်သည့် အခန်းတစ်ခန်းထဲတွင် သိန်း ၅၉ဝဝ ကျော်ကို သိမ်းဆည်းထားရာ အမည်မသိစုံစမ်းဆဲ တ ရားခံမှ သိန်းတစ်ထောင်ကျော်သာ ခိုးယူသွား မှုဖြစ်သည်။
ဖြစ်စဉ်မှာ အဆိုပါညတွင် လုံခြုံ ရေးဝန်ထမ်းက ခြံအတွင်းရှိတိုက်အား လှည့် လည်စစ်ဆေးရာမှ အိမ်ဝင်ပေါက်တံခါးပွင့် နေသောကြောင့် ကုမ္ပဏီတာဝန်ရှိသူလူကြီး များကို ဖုန်းဆက်အကြောင်းကြားရာမှ ငွေများ ပျောက်ဆုံးနေကြောင်း သိရခြင်းဖြစ်သည်။

''ဒီအမှုက စုံစမ်းနေဆဲပါပဲ။သိန်း တစ်ထောင်ကျော် ပါသွားတယ်ဆိုတာက ဟုတ်ပါတယ်။ ဒီဖောက်ထွင်းမှုကို ခိုးမှုဖြင့် အမှုဖွင့်ပြီး စုံစမ်းနေတဲ့အတွက် အခြားဘာ မှ မပြောနိုင်သေးဘူး''ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
ထိုသို့ သိန်းတစ်ထောင်ကျော် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဦးရဲမင်းက တရားလိုပြု လုပ်တိုင်တန်းကာ ကမာရွတ်မြို့နယ်ရဲစခန်း မှ (ပ)၃၇၉/၂ဝ၁၅၊ ပြစ်မှုပုဒ်မ၃၈ဖြင့် အမှု ဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment