Wednesday, October 14, 2015

ဖုန်းဆင်းမ်ကတ်များ တရားဝင်မှတ်ပုံမတင်ထားသဖြင့် ဆိုက်ဘာရာဇဝတ်မှုများအတွက် သက်သေခံအဖြစ် အသုံးပြုရန်ခက်နေ

ဆိုက်ဘာရာဇဝတ်မှုများ အတွက် အရေးယူမှုများ ပြုလုပ် ရန် သက်သေခံပစ္စည်းများအဖြစ် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းအသုံး ပြုသူများ၏ အချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီ မှတ်ပုံတင်ထားနိုင်သည့် အချက်အ လက်များ လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဆက်သွယ်ရေးနှင့် သတင်းအ ချက်အလက်နည်းပညာဌာန ဌာန မှူး ရဲမှူးကြီး ထွန်းနေဝင်းက ပြောသည်။
‘‘လက်ရှိ မိုဘိုင်းဖုန်းနဲ့ ဟန်း ဆက်တွေနဲ့ပတ်သက်လို့ ရာခိုင် နှုန်း တော်တော်များများက Up to date register မရှိသေးဘူး။ Cyber Crime နဲ့ပတ်သက်တဲ့ လိမ်လည်မှုတွေမှာ မိုဘိုင်းဖုန်းတွေနဲ့ ဆက်နွှယ်နေတဲ့အတွက် ဒါတွေ က သက်သေခံနိုင်မှုအတွက် အ ရေးကြီးပါတယ်’’ဟု ရဲမှူးကြီး ထွန်းနေဝင်းက ပြောသည်။
ဆင်းမ်ကတ်များ ရောင်းချ ရာတွင် အသုံးပြုသူများ၏ အချက်အလက်များကို မှတ်ပုံတင်ပြီးမှ ရောင်းချခြင်းပြုလုပ်ရန် ဆက် သွယ်ရေး အော်ပရေတာများက သတ်မှတ်ထားသော်လည်း လမ်းဘေး အရောင်းဆိုင်များတွင် ဆင်းမ်ကတ်များကို အလွယ်တကူ ရောင်းချနေပြီး အသုံးပြုသူများ ၏ အချက်အလက်များကို တရား ဝင်မှတ်ပုံတင်ရယူကာ ရောင်းချခြင်းမှာ နည်းပါးနေသေးကြောင်း သိရသည်။

‘‘အော်ပရေတာတွေအနေနဲ့ လက်ရှိမှာ အသုံးပြုသူဦးရေ တက် လာအောင် လုပ်နေတဲ့အချိန်ဆို ပေမယ့် နောက်ပိုင်းမှာ အဲဒီလို တွေ သေချာလုပ်သွားဖို့လိုအပ်ပါ တယ်။ ဒါကို verify လုပ်ပြီးမှသာ သုံးခွင့်ပေးသင့်တယ်။ နောက်ပိုင်း အငြင်းပွားမှုတွေရှိလာရင် ဒါက ခိုင်မာတဲ့ သက်သေခံဖြစ်လာနိုင် ပါတယ်’’ဟု ရဲမှူးကြီး ထွန်းနေဝင်းက အကြံပြုသည်။
မိုဘိုင်းဆင်းမ်ကတ်များကို မှတ်ပုံတင်ထားခြင်းမရှိဘဲ ဝယ် ယူအသုံးပြုသူများရှိနေကြောင်း အော်ပရေတာများထံမှ သိရသော် လည်း အရေအတွက်ကိုမူ အတိ အကျထုတ်ပြန်ထားခြင်းမရှိသေး ပေ။ သို့သော် မိုဘိုင်းငွေပေးချေမှု ကဲ့သို့ ဝန်ဆောင်မှုအသစ်များကို မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းမ်ကတ်များတွင် အသုံးပြုနိုင် မည်မဟုတ်ကြောင်း တယ်လီနော အမှုဆောင်အရာရှိချုပ် ပက်တာ ဖာဘတ်က တရားဝင်ပြောကြား သည်။၂၀၁၅ အတွင်း ဆက်သွယ် ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့သည့် အမှုပေါင်း ၂၃ မှုအထိ ရှိခဲ့ပြီး အများစုမှာ အသရေဖျက်မှုများ ဖြစ်ကာ လိင်ပိုင်းဆိုင်ရာ တိုက် ခိုက်မှုများလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စာရင်း များအရ သိရသည်။
7Day Daily

No comments:

Post a Comment