Wednesday, October 14, 2015

ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက်သို့ နှစ်ရက်အတွင်းတက်လာနိုင်၍ မြစ်ကမ်းဘေးဒေသများ သတိပြုရန်လို

ဒေသလေးခုတွင် နောက်နှစ်ရက်ခန့်ကြာအောင် နေရာ ကွက်မိုးကြီးနိုင်သေး၍ ဧရာဝတီမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြော သည်။
ဦးကျော်မိုးဦးက ရခိုင်ပြည် နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝ တီတိုင်းဒေသကြီးတို့တွင် နောက် နှစ်ရက်ခန့်ကြာအောင် နေရာကွက်၍ မိုးကြီးနိုင်သေးသည်ဟု ပြောသည်။ မိုးလွန်ကာလတွင် ယခုကဲ့သို့ မိုးကြီးရခြင်းမှာ ဘင်္ဂလားပင်လယ်အော်တွင် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှ ခွဲထွက်လာသည့် မိုးတိမ်တိုက်နှစ်ခုသည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းဒေသများဘက်သို့ ရောက်ရှိနေခြင်း ကြောင့် ဖြစ်သည်ဟု ဆိုသည်။

‘‘အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်မှာဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းကနေ မိုးတိမ်တိုက်နှစ်ခုကွဲ သွားတယ်။ တစ်လုံးက မြန်မာနိုင် ငံအထက်ပိုင်းကို ရောက်သွားပြီး အလယ်ပိုင်းကို ပြန်လာတယ်။ တစ်လုံးက ရခိုင်ကနေပြီးတော့မှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်ကို ပြန်လာတယ်။ အဲဒီဒေသတွေ နောက် နှစ်ရက်လောက်နေရာ ကွက်မိုးကြီးနိုင်သေးတယ်’’ဟု ဦး ကျော်မိုးဦးက ပြောသည်။
မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြီးခဲ့သည့် သုံးရက်ခန့်က မိုးကောင်းခဲ့သောကြောင့် ပုဂံ၊ ညောင်ဦး၊ ဟင်္သာတနှင့် ဇလွန်မြို့တို့၌ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ် အထက်သို့ နောက်နှစ်ရက်အ တွင်း တက်လာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတိပေးထားသည်။
‘‘ဧရာဝတီမြစ်ရေစိုးရိမ်ရေ မှတ်ထိအောင် တက်လာမယ်။ နောက်နှစ်ရက်အတွင်း မြစ်ကမ်း ဘေးဒေသတွေ သတိထားဖို့လို တယ်။ နောက်တစ်ခုက မိုးကြောင့်အခုစိုက်ပျိုးသီးနှံတွေ မပျက် အောင် ကြိုတင်ကာကွယ်ဖို့ လို မယ်’’ဟု ဦးကျော်မိုးဦးက ပြော သည်။ အောက်တိုဘာ ၁၀ ရက် နောက်ပိုင်းမှစကာ ဒေသအချို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေ ဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည်။ ကယားပြည်နယ် ဖားဆောင်းဒေ သတွင် နေရာကွက် မိုးကြီးမှု ကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့တွင် အိမ်ခြေထောင်ချီ၍ ရေနစ်မြုပ်ခဲ့သည်။မကွေးတိုင်းဒေသကြီးတွင်လည်း တောင်ကျရေကြောင့် ကားလမ်း ရေလျှံမှုများရင်ဆိုင်နေရကာ မန္တလေးတိုင်းဒေသကြီးတွင်လည်း နေရာကွက်၍ မိုးသည်းထန်စွာ ရွာနေဆဲဖြစ်သည်။
7Day Daily

No comments:

Post a Comment