Friday, November 27, 2015

အနိုင်ရရန် လုံလောက်သည့်အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ကြောင်း ဗန်ဂါးလ်ဖွင့်ဟ


ပီအက်စ်ဗွီကို ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသော်လည်း မန်ယူအသင်းနည်း ပြဗန်ဂါးလ်က မိမိတို့အနေဖြင့် အနိုင်ရရန်လုံလောက်သည့် အခွင့်အရေးများဖန်တီး နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။ မန်ယူအသင်းသည် အနိုင်ရ ပါက နောက်တစ်ဆင့်သို့ တက်ရောက် နိုင်မည်ဖြစ်သော်လည်း သရေရလဒ်ကြောင့် နောက်ဆုံးပွဲစဉ်တွင် မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်သည်။ မန်ယူအသင်း၏ ခြေစွမ်းသည်စိတ်ပျက်စရာဖြစ်ခဲ့သောကြောင့် ကစားသမားဟောင်းများဖြစ်သော ရွိုင်ကိန်းနှင့် ပေါလ်စခိုးတို့က ပြင်းထန်စွာဝေဖန်ခဲ့သည်။ သို့သော် ဗန်ဂါးလ်က မန်ယူအသင်းသည် ပီအက်စ်ဗွီကိုအနိုင်ရရန် အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဗန်ဂါးလ်က မိမိအနေဖြင့် ရလဒ်အတွက် စိတ်ပျက်မိကြောင်း၊ မိမိတို့သည် အနိုင်ရရန်အခွင့် အရေးများစွာရရှိခဲ့ကြောင်း၊ ပထမပိုင်းအခွင့်အရေး သုံးကြိမ်ထက်မနည်းရရှိခဲ့ကြောင်း၊ ဒုတိယပိုင်းတွင်လည်း လင်ဂတ်အနေဖြင့် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဗန်ဂါးလ်က ဒုတိယပိုင်းတွင် အပြောင်းအလဲများ ပြုလုပ်ခဲ့သော်လည်း ကစားပုံကောင်းခဲ့ခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် နောက်ဆုံးပွဲစဉ်ဖြစ်သော ၀ုဖ်ဘတ်နှင့်ပွဲတွင် အကောင်းဆုံးကစားသွားရတော့မည်ဖြစ်ကြောင်း၊ မိမိတို့သည် အိမ်ကွင်းတွင် ၀ုဖ်ဘတ်ကို အနိုင်ရထားသောကြောင့် အဝေးကွင်းပွဲစဉ်တွင်လည်း ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ကြောင်း၊ မိမိတို့၏ ခြေစွမ်းသည် ပြီးခဲ့သည့်ရာသီကထက် ပိုမိုကောင်းလာကြောင်း ဆိုခဲ့သည်။

မန်ယူအသင်းခေါင်းဆောင်ရွန်နီက မိမိတို့ အနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်လိုပါက အဆုံးသတ်ပိုင်း ပိုမိုကောင်း မွန်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရွန်နီကပီအက်စ်ဗွီနှင့်ပွဲတွင် ရလဒ်မကောင်းသော်လည်း

နောက်တစ်ဆင့်တက်ရန် အခွင့်အရေးရှိနေကြောင်း၊ မိမိတို့သည် ပွဲချိန်ပထမပိုင်းတွင် အခွင့်အရေးကောင်းများကို အသုံးမချနိုင်ကြောင်း၊ ဒုတိယပိုင်းတွင် ကစားရ ပိုခက်ခဲခဲ့ကြောင်း ပြောကြားခဲ့သည်။
messenger

No comments:

Post a Comment