Monday, November 23, 2015

မဲဆွယ်ခဲ့သည်ဟု ဆိုကာ ဒီချုပ်ပါတီဝင်များ မဲရုံဝန်ထမ်းများကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အမှုဖွင့်

မဲရုံအတွင်းနှင့် မဲရုံ ပရိဝုဏ်ကိုက်ငါးရာအတွင်း မဲ ဆွယ်ခဲ့သည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်နှင့် မဲရုံမှူးအပါအ၀င် မဲရုံဝန်ထမ်းများကို ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်တိုင်ကြားခဲ့သည်။

‘‘ရဲစခန်းမှာ အမှုဖွင့်မှာက ၁၁ မှုရှိတယ်။ ၀န်ကြီးဌာနတွေကို တင်ပြမှာက သုံးမှု၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အထိ တင်မှာက ငါးမှုရှိတယ်။ နိုဝင်ဘာ လ ၂၂ ရက်အတွင်းမှာ အပြီးလုပ် မယ်’’ဟု ပြည်ခိုင်ဖြိုးပါတီမှ အောင်လံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဆွေက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် ညနေက အောင်လံမြို့မရဲစခန်းသို့ လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် လာရောက်အမှုဖွင့်ခဲ့ကြောင်း ရဲ အရာရှိတစ်ဦးက ပြောသည်။

မြို့မရဲစခန်းတွင် အမှု ၁၀ မှု ဖွင့်ခဲ့ပြီး မဲရုံမှူး၊ မဲရုံ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ၀န်ထမ်းခုနစ်ဦးနှင့် ဒီချုပ်ပါတီဝင် ၂၀ ကျော်အထိ ပါဝင်နေကြောင်း ရဲအရာရှိက ဆိုသည်။

အများစုသည် မဲရုံအတွင်း နှင့် မဲရုံပရိဝုဏ်ကိုက်ငါးရာအ တွင်း မဲဆွယ်သည်ဟု ဆိုကာ အမှုဖွင့်တိုင်ကြားခံရခြင်းဖြစ်ပြီး မဲရုံဝန်ထမ်းများက နှိပ်ရမည့်အကွက်ကို လက်ထောက်ပြခြင်း၊ မည်သူ့အား မဲပေးရန် ပြောဆိုခြင်း၊ ကိုယ်စားမဲလာထည့်ခြင်းနှင့် ဘက်လိုက်ဆောင်ရွက်ခြင်းစသည့် အချက် များဖြင့် စွပ်စွဲတိုင်ကြားခြင်းဖြစ် ကြောင်း သိရသည်။

အောင်လံမြို့ပေါ်ရပ်ကွက် များဖြစ်သော ရွာထောင်၊ စက်ရုံ၊ မိုးကောင်း၊ ကြို့ပင်၊ ဆင်တဲနှင့် ရွာသာကုန်းနှင့် အင်းကုန်းကျေးရွာ များရှိ မဲရုံများတွင် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး အမှုဖွင့်တိုင်ကြား ခြင်း ဖြစ်သည်။

အထက်ပါကိစ္စနှင့် ပတ် သက်၍ အောင်လံမြို့နယ်ရဲတပ် မှူးရုံးသို့ သွားရောက်မေးမြန်းရာ အမှုလာဖွင့်သည်မှာ မှန်ကန် ကြောင်း ပြောကြားပြီး အသေး စိတ်ကို အထက်သို့ မေးမြန်းမည့် အချက်များ တင်ပြကာ ခွင့်ပြုချက်ရရှိမှသာ ပြောကြားနိုင်မည်ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုင်ကြားစာများနှင့် ပတ်သက်ပြီး ဒီချုပ်၊ ပြည်ခိုင်ဖြိုး၊ မြို့မိမြို့ဖများနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုစေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင်များက နိုဝင်ဘာ ၁၂ ရက် ညနေက တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း အဆင်မပြေ၍ ယခုကဲ့သို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
7 day

No comments:

Post a Comment