Friday, December 4, 2015

ဗလင်စီယာတွင် ဂယ်ရီနဗီးလ် အောင်မြင်မည်ဟု ဖာဂူဆန်နှင့် မိုယက်စ်ဟောကိန်းထုတ်

လန်ဒန် - မန်ယူကို မိမိကိုင်တွယ် စဉ်က အသင်းခေါင်းဆောင်တာ ၀န်ယူခဲ့သော ဂယ်ရီနဗီးလ်သည် စပိန်မှ ဗလင်စီယာ အသင်း၏ မန်နေဂျာအဖြစ် အောင်မြင်ရန် ခေါင်းဆောင်မှု အရည်အသွေးရှိ သူဖြစ်သည်ဟု မန်ယူ နည်းပြ ဟောင်း အဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။

ဗလင်စီယာနည်းပြဟောင်း နူနိုဆန်ကို တနင်္လာနေ့က နုတ် ထွက်သွားပြီးနောက် ၎င်း၏နေ ရာတွင် ဂယ်ရီနဗီးလ်ဝင်ရောက် လာခြင်းဖြစ်ကာ လာမည့် သီ တင်းပတ်နိုဝင်ဘာ ၉ ရက်၌ကစား မည့် လိုင်ယွန်နှင့်ပွဲကို စတင်ကိုင် တွယ်ရမည်ဖြစ်သည်။

‘‘သူ့ရဲ့ခေါင်းဆောင်မှုစွမ်း ရည်အားကောင်းတယ်။ ရိုးသား ပြီး အလုပ်ကိုကြိုးစားတယ်’’ ဟု ဖာဂူဆန်က စကိုင်းစပေါ့ သတင်း ဌာနအား ပြောကြားသည်။

‘‘သူဟာ ဆုံးဖြတ်ချက်ကြီး ကြီးမားမားတွေချဖို့ စိုးရိမ်တဲ့လူ မျိုးမဟုတ်ဘူး။ ခေါင်းဆောင်တဲ့ နေရာမှာ အဲဒီအရည်အချင်း အ လွန်အရေးကြီးတယ်။ သူကောင်း ကောင်းလုပ်နိုင်လိမ့်မယ်ထင်ပါ တယ်’’ဟု ဖာဂူဆန်ကပြောသည်။

အဲဗာတန်၊ မန်ယူနှင့်ရီးရဲလ် ဆိုစီဒက်မန်နေဂျာဟောင်း ဒေး ဗစ်မိုယက်စ်က ဗလင်စီယာနည်း ပြချုပ်အဖြစ် လွှဲပြောင်းတာဝန်ယူမည့် ဂယ်ရီနဗီးလ် အောင်မြင်လိမ့်မည်ဟုဟောကိန်းထုတ်သည်။ ‘‘သူဟာ ခေါင်းဆောင် တစ် ယောက်ပါ။ မန်ယူကစားသမားဘ၀၊စကိုင်းစပေါ့ အားကစားရုပ် သံမှာ သူလုပ်ကိုင်ခဲ့တာတွေ သူလုပ်ခဲ့သမျှတွေအားလုံး အောင်မြင်ခဲ့ပါတယ်’’ဟု မိုယက်စ်က The Express သတင်းစာ ဆောင်းပါးတွင် ရေးသားသည်။ ဗလင်စီယာအသင်းတွင် အောင်မြင်ရန် အရည်အသွေးများရှိသည်ဟု မိုယက်စ်က ဂယ်ရီနဗီးလ်အတွက် ထောက်ခံပြောဆိုသည်။
-Reuters / Goal

No comments:

Post a Comment