Friday, December 4, 2015

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း ၄၀ ပါဝင်ရေး ဆုံးဖြတ်ချက် ဖီဖာရွှေ့ဆိုင်း

ဇူးရစ် - ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ပြုပြင်ပြောင်းလဲရေး အစီ အစဉ်များ၏ တစ်စိတ်တစ်ပိုင်း အဖြစ် လေးနှစ်တစ်ကြိမ်ကျင်းပ သော ကမ္ဘာ့ဖလားတွင် အသင်း ပေါင်း ၄၀ ဖြင့်ယှဉ်ပြိုင်ရေး အဆို ပြုချက်ကို ဖီဖာအမှုဆောင်ကော် မတီက အချိန်ရွှေ့ဆိုင်းထားလိုက် သည်။
ယင်းအဆိုပြုချက်အရလက် ရှိတွင် ၃၂ သင်းဖြင့် ယှဉ်ပြိုင်နေ သော ကမ္ဘာ့ဖလားပြိုင်ပွဲကို၂၀၂၆ ကစ၍ အသင်း ၄၀ ဖြင့် ယှဉ်ပြိုင် ရန် စီစဉ်ထားသည်ဟု ဖီဖာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ က ပြောသည်။
ကမ္ဘာ့ဖလားကို ယခင်က ၂၄ သင်းဖြင့်သာ ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၈ တွင် ၃၂ သင်းအထိ တိုး မြှင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် အလွန်အငြင်းပွားဖွယ်ရာ လုပ်ရပ်ဖြစ်နိုင်သဖြင့် ဆုံးဖြတ်ချက်ကို နောက်ဆုတ်ရန် ဖီဖာကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အသင်းအရေအတွက် များ လာပါက စီမံခန့်ခွဲရေးခက်ခဲလာ နိုင်ပြီး ပြိုင်ပွဲအရည်အသွေးကျ ဆင်းလာနိုင်သည်ဟု ဘောလုံး ကျွမ်းကျင်သူများက ယူဆ၍ ၃၂ သင်းမှာ အကောင်းဆုံး အနေအထားဟု ထင်မြင်သုံးသပ်ကြသည်။
ယင်းနှင့်အခြားပြုပြင်ပြောင်း လဲမှုများနှင့်ပတ်သက်၍ ကွန်ဂ ရက်တွင် တင်ပြမည့် အကြောင်း အရာများကို ဖီဖာက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ရှင်းလင်း ပြောကြားမည်ဖြစ်သည်။
-Reuters

No comments:

Post a Comment