Friday, February 6, 2015

ပညာရေးဆိုင်ရာကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများဖြစ်လာစေရန် ကျောင်းသားများကိုအသုံးချ၍ ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင်နေသူများ၊ နိုင်ငံရေး အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍  ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအပိုင်းမှလည်း တာဝန်သိသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသဖြင့် အောင်မြင်သင့်သလောက် အောင်မြင်မှုများ ရရှိခဲ့ကြကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရှိမှသာ ပြည်သူများ စိတ်အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပါရှိသည်။



မိမိတို့နိုင်ငံအနေဖြင့် ဆူပူအကြမ်းဖက် မှုများကြောင့် တိုင်းပြည်မတည်မငြိမ်ဖြစ်ခဲ့ရပြီး အဘက်ဘက်မှ ဆုံးရှုံးနစ်နာမှုများ၊ ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာများကို မိမိ တို့နိုင်ငံအနေဖြင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် နိုင်ငံသားတိုင်းသည် လွတ်လပ်မှုနှင့်အတူ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန်များကိုလည်း လေးစားလိုက်နာကြရမည် ဖြစ်သည်ဟုပါရှိသည်။

ယခုအခါ အမျိုးသားပညာရေးဥပဒေကို အကြောင်းပြု၍  နေရာဒေသအချို့တွင် ဥပဒေနှင့် မညီညွတ်သော ဆန္ဒပြမှုများ ပြုလုပ်နေကြကြောင်း၊ ပညာရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကျောင်းသားများ၏ စစ်မှန်သောပညာရေးဆိုင်ရာ ဆန္ဒများကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်သို့တင်ပြ၍ ဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပညာရေးဆိုင်ရာကိစ္စကိုအကြောင်း ပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေရန်ကျောင်း သားလူငယ်များကိုအသုံးချ၍ ကျောင်းသား အမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေသူများ၊ အားပေးအားမြေ§ာက် ပြုနေသည့် နိုင်ငံရေး အဖွဲ့အစည်းအချို့ပါ ဝင်ပတ်သက်နေကြောင်း၊ သို့ဖြစ်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လိုလားကြ သော ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမျိုးစုခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

အလားတူ ပညာရေးဝန်ကြီးဌာနက လည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အမျိုးသား ပညာရေးဥပဒေနှင့်ပတ်သက်၍ ဆန္ဒပြမှုများ ရှိနေသဖြင့် မိဘပြည်သူများသည် မိမိတို့ရင် သွေးကျောင်းသူကျောင်းသားများ၏ စာမေး ပွဲများအတွက် စိုးရိမ်ကြောင့်ကြမှုရှိနေကြ သည်ကိုသိရှိနေရကြောင်း၊ အေးချမ်းစွာပညာ သင်ကြားရေးနှင့် အမျိုးသားပညာရေး မြင့်မားတိုးတက်ရေး ဦးတည်လျက် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်က ပြ |ာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရေးလွှတ်တော် သို့သဝဏ်လွှာပေးပို့ခဲ့ပါကြောင်း၊ ပြည်ထောင် စုလွှတ်တော်က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြုစုတင်ပြရန် ပြန်လည်ပေးပို့လာသည့်အတွက် ညှိနှိုင်း ပြင်ဆင်ပေးပို့ရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တက္ကသိုလ်အသီးသီးနှင့် အခြေခံပညာ ကျောင်းများတွင် ကျင်းပမည့် စာမေးပွဲ၏အ ချိန်စာရင်းကို ကြိုတင်အသိပေး ကြေညာထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်အသီးသီး စာမေးပွဲ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ အဋ္ဌမတန်း နှင့် စတုတ္ထတန်းစာမေးပွဲများအား ထုတ်ပြန်ကြေညာထားသည့်အတိုင်း မပျက်မကွက် စစ် ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Eleven Media Group

No comments:

Post a Comment