Wednesday, October 7, 2015

နေပြည်တော် ကောင်စီ နယ်မြေတွင် ခင်ပွန်းဖြစ်သူအား သတ်၍ ဇနီးသည်ကို အဓမ္မ ပြုကျင့်သူ လေးဦးအနက် နှစ်ဦးကို ဖမ်းမိ

နေပြည်တော် ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် ခင်ပွန်းဖြစ်သူအား သတ်၍ ဇနီးသည်အား အဓမ္မပြုကျင့်ခဲ့သူ လေးဦး အနက်မှ နှစ်ဦးအား ဖမ်းဆီး ရမိထားကြောင်း သတင်းရရှိသည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူ လေးဦးအနက် ကျော်မောင်နှင့် အောင်ပိုင် ဆိုသူတို့ကို အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီခန့်တွင် ဖမ်းမိ ခဲ့ခြင်း ဖြစ်ပြီး ည ၇ နာရီခန့်တွင် ပြစ်မှု ကျူးလွန်ခဲ့ပုံအား သရုပ်ပြ စေခဲ့ကြောင်း သိရ သည်။
“ပြစ်မှု ကျူးလွန်သူ နှစ်ဦးကို မိထားပါပြီ။ စစ်ဆေးဆဲမို့ ဘာမှ ပြောလို့ မရသေးပါဘူး။ ပိုစုံတော့မှ ထပ်ပြောပါမယ်”ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က အတည်ပြု ပြောကြားသည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူ လေးဦးမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြပြီး ကနဦး စစ်ဆေးချက်များအရ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားနှင့် ရိုက်နှက်ခဲ့သည့် မော်တော် ဆိုင်ကယ် အိပ်ဇောတို့အား သိမ်းဆည်း ရမိထားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၉ ရက် ည ၁၂ နာရီတွင် အသက် ၁၆ နှစ်အရွယ် လင်မယားစုံတွဲမှာ လယ်ဝေးမြို့နယ် နောင်ဘိုကျေးရွာမှ နေပြည်တော်သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Jenction Center လာလမ်းအတိုင်း ဆိုင်ကယ် ပြန်ကွေ့ရာ အမည်မသိ ဆိုင်ကယ် နှစ်စီး မောင်းနှင်သည့် လူလေးဦးနှင့် တွေ့ရှိပြီး ၎င်းတို့က ခြိမ်းခြောက် ပြောဆိုကာ လင်မယား စုံတွဲ စီးလာသည့် ဆိုင်ကယ်အား ဆိုင်ကယ်နှစ်စီးဖြင့် ညှပ်၍ ခေါ်ဆောင်သွားခဲ့ရာ Jenction Center နောက်ကျော သံတမန်ဇုန် (B) လမ်း၊ လမ်းသွယ် အရောက်တွင် ဆိုင်ကယ်အား တွန်းလှဲပြီး နှစ်ဦးက ခင်ပွန်း ဖြစ်သူအား ဓားဖြင့်ထိုးခဲ့ပြီး ကျန်နှစ်ဦးက ဇနီးသည်အား သားမယား ပြုကျင့် ခဲ့ကြောင်း သိရသည်။
Eleven

No comments:

Post a Comment