Wednesday, December 23, 2015

ရခိုင်တွင် လေးနှစ်အတွင်း စိတ်ကြွဆေး ၁၈ သိန်းကျော်နှင့် မူးယစ်တရားခံ ၁၈၀ ဦးကျော် ဖမ်းမိ

မြောက်ဦး- မူးယစ်ဆေးဝါးရောင်းဝယ်မှု အများဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် လေးနှစ်တာကာလအတွင်း WY စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်နှင့် မူးယစ်တရားခံ ၁၈၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
‘‘ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ကနေ ဒီနေ့အထိ WY စိတ်ကြွဆေးပြားပေါင်း ၁၈ သိန်းကျော်ဖမ်းဆီးရမိခဲ့ပြီးတော့ လူပေါင်း ၁၈၀ ကျော် ဖမ်းဆီးခဲ့ရတယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့် မြို့ခံများနှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ပမာဏကြီးမားသည့် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်နေသူများသည် စီးပွားရေးလုပ်ငန်းအကြီးအကျယ်လုပ်ကိုင်နေသူများ ဖြစ်နေကြောင်း ရဲမှူးကြီးက ဆက်လက် ပြောသည်။

ရခိုင်ပြည်နယ်တွင် WY စိတ် ကြွရူးသွပ်ဆေးပြား ရောင်းဝယ်မှုများလာသည့်အတွက် ဒေသခံလူငယ်အများစုသည် မူးယစ်ဆေးစွဲကာ အကျင့်စာရိတ္တပျက်ပြားမှု ပိုမိုများပြားလာခြင်းကို တွေ့ရှိနေရကြောင်း စစ်တွေမြို့မိမြို့ဖတစ်ဦးက ပြောသည်။

ယင်းသို့ ဒေသခံလူငယ်များ ပျက်စီးလွယ်သည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာက ကြပ်မတ်ပေးရန် လိုလားနေကြကြောင်း ရခိုင်ဒေသခံအများစုက ပြောသည်။

No comments:

Post a Comment