Tuesday, July 17, 2012

လွှတ်တော်အတွင်း နိုင်ငံရေးသာဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်နာယက သတိပေး

နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၂) အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်ခုနှစ်ဦးက ၀င်ရောက်ဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏
ဆွေးနွေးမှုသည်ဘာသာရေးကိုဦးတည်ဆွေးနွေးသောကြောင့် ပြည်ထောင်စု
လွှတ်တ်ာနာယက ဦးခင်အောင်မြင့်က လွှတ်တော်အတွင်း နိုင်ငံရေးဆွေးနွေးမှု
များ သာလက်ခံကြောင်း သတိပေးပြောကြားခဲ့သည်။




“လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ အခုကိစ္စကိုပြောဆိုဆွေးနွေးတဲ့နေရာမှာ
အလွန်သိမ်မွေ့တဲ့အတွက် စကားအသုံးအနှုန်းမှန်ကန်ဖို့လိုပါတယ်။ မွတ်စလင်ဘာသာဟာ နိုင်ငံသားတွေထဲမှာလဲကိုးကွယ်တဲ့သူတွေရှိတဲ့အတွက် တရားဝင်ဘာသာနေနဲ့ သတ်မှတ်ပြဌာန်းထားပေးထားတဲ့ဘာသာဖြစ်ပါတယ်။ မွတ်စလင်ဘာသာကိုးကွယ်တိုင်း ကုလားဆိုတဲ့ အသုံးအနှုန်းမသုံးသင့်ပါဘူး။
လွှတ်တော်ထဲမှာဆွေးနွေးတဲ့အခါဘာသာရေးကိုဆွေးနွေးခွင့်မပေးပါဘူး။
နိုင်ငံရေးကိုသာဆွေးနွေးကြဖို့သတိပေးပါတယ်။” ဟု ပြည်ထောင်စုလွှတ်တော်တွင်ပြောကြားခဲ့သည်။

ယင်းဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၂) အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ
ဖြစ်ကြသော ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်)၊ ဦးအောင်စိန် (မာန်အောင်မဲ ဆန္ဒနယ်)၊ ဦးသာစိန် (ကျောက်တော်မဲဆန္ဒနယ်)၊ ဦးရွှေမောင် (ဘူးသီးတောင်
မဲဆန္ဒနယ်)၊ ဦးသိန်းညွန့် (သင်္ယန်းကျွန်းမဲဆန္ဒနယ်) ၊ဦးခိုင်မောင်ရည် (အလုံ မဲဆန္ဒနယ်)၊ ဦးဌေးဝင်း(ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) )တို့က ၀င်ရောက်
ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment