Monday, July 23, 2012

ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး လေဖြတ်ဝေဒနာ သက်သာ



ဘန်ကောက်၊ ဇူလိုင် ၂၃

လွန်ခဲ့သော ရက်ပိုင်းအတွင်းက စင်ကာပူနိုင်ငံ၌ လေဖြတ်ဝေဒနာ ကြောင့် ကျန်းမာရေးကုသမှု ခံယူနေရသော ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးမှာ လေဖြတ်ဝေဒနာ သက်သာလာပြီး စက်အကူအညီဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာအစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌနှင့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ်မှ အနားယူခဲ့သော ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဇူလိုင်လ ၈ရက်နေ့ ညပိုင်းက ရုတ်တရက် ကျန်းမာရေး ချို့ ယွင်းလာသဖြင့် တပ်မတော် စစ်ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှု ခံယူခဲ့ပြီး စင်ကာပူ နိုင်ငံသို့ ဆေးကုသမှုခံယူခဲ့သည်။

စင်ကာပူနိုင်ငံရှိ ဆေးရုံတွင် လေဖြတ်ဝေဒနာ အတွက် ကုသမှု ခံယူနေရသူ ဦးမောင်အေးသည် ပြန်လည် သက်သာလာပြီ ဆိုသော်လည်း လမ်းမလျှောက်နိုင်သေးကြောင်း မြန်မာအစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်ထံမှ သိရသည်။


from -https://www.facebook.com/thevoiceweekly

No comments:

Post a Comment