Thursday, July 19, 2012

(၆၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား

ယနေ့နံနက် ၈ နာရီ ၁၇ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ဗိမာန်သို့ လွမ်းသူ့ပန်းခွေချ တက်ရောက်ဂါရ၀ပြုကန်တော့ခဲ့ပြီး ၈ နာရီ ၂၀ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဖြစ်သူဦးအောင်ဆန်းဦးက ဂါရ၀ပြုကန်တော့ခဲ့သည်။ ၄င်းနောက် ကျဆုံးအာဇာနည်များ၏မိသားစုများက လွမ်းသူ့ပန်းခွေများချကာ ဂါရ၀ပြုကန်တော့လျက်ရှိချိန်တွင် အာဇာနည်တစ်ဦးချင်းစီ၏အတ္ထုပ္ပတိများကိုပါ ကြေညာပေးလျက်ရှိသည်။
 

No comments:

Post a Comment