Monday, July 23, 2012

မုံရွာမြို့အထက(၂) ကျောင်းဆောင်ပြိုကျ၍ ကျောင်းသူ၊သား ၃၀ဦး ဒဏ်ရာရ


မုံရွာမြို့၊ဒေါနခြံရပ်ကွက်၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာကြီးဦးဝင်းဖေသည် ပင်စင်(သက်ပြည့်)ယူမ ည်ဖြစ်သဖြင့် ကျောင်းသားကျောင်းသူများနှင့်ဆရာဆရာမများ ကျောင်းအုပ်ဆရာကြီးရုံးခန်းသို့အသွား ပင်မဆောင်အနောက်ထိပ် န၀မတန်းအဆောင်ရှေ့အရောက်တွင်ကျောင်းဝရံတာပြိုကျသဖြင့်ကျောင်းသားကျောင်းသူ(၃၀)ခန့်နှင့်ကျောင်းဆရာတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရသည်။
“ပုံမှန်ရက်တွေမှာဒီဝရံတာကလူအများသွားလာတာမရှိပါဘူး။ဒီနေ့ကျောင်းအုပ်ဆရာကြီးနှုတ်ဆက်ဖို့ကျောင်းသားကျောင်းသူတွေအသွားများတော့ပြိုကျသွားတယ်။ဝရံတာမှာခြပုန်းတွေတက်နေတာကြာပြီ
ဆိုတော့ဆွေးမြေ့ပြီးပြိုကျသွားတာပါ။ထိခိုက်ဒဏ်ရာရတဲ့ကျောင်းသားကျောင်းသူတွေအားလုံးဆေးဝါးကုသမှုခံယူနေပါတယ်”ဟုအ.ထ.က(၂) မှကျောင်းဆရာမတစ်ဦးကပြောသည်။



အဆိုပါပင်မကျောင်းဆောင်ဝရံတာပြိုကျပျက်စီးမှုကြောင့်ကျောင်းဆရာတစ်ဦးနှင့်ကျောင်းသားကျောင်းသူ၃၀ခန့်ဒဏ်ရာရရှိပြီးမုံရွာပြည်သူ့ဆေးရုံကြီးတွင်းအတွင်းလူနာအဖြစ်ကျောင်းသားကျောင်းသူ(၂၉)ဦးပြင်ပလူနာ အဖြစ်(၂)ဦးဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသတင်းရရှိပါသည်။
မုံရွာမြို့တွင် အထက်တန်းကျောင်း ၃ကျောင်းရှိပြီး အထက ၂သည် ဒေါနခြံရပ်ကွက်၊ မုံရွာပြည်သူ့ဆေးရုံကြီး ဘေးကပ်လျှက်တွင် တည်ရှိသည်။














No comments:

Post a Comment