မြန်မာ့ပဲများ အဓိကတင်ပို့ရောင်းချသည့် မွန်ဘိုင်းဈေးကွက်ရှိရာ
အိန္ဒိယနိုင်ငံတွင် ပဲစိုက်ရာသီဥတု မမှန်ကန်သဖြင့် မြန်မာ့ပဲများ
ဈေးမြှင့်ရောင်းချနေကြသလို အရောင်းသွက်နေကြောင်း မန္တလေးပွဲရုံ
လုပ်ငန်းရှင်များထံမှ သိရသည်။
"သူတို့နိုင်ငံမှာ ပဲစိုက်ရာသီဥတု
မမှန်လို့ မစိုက်နိုင်ကြသေးဘူး။ အိန္ဒိယပဲအထွက်လျော့မယ်ထင်လို့ ပြည်တွင်းက
ဈေးမြှင့်ရောင်းနေ ကြတာ"ဟု မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များ
ကထိန်တော်အသင်း (မန်းပဲကုန်သည်ဒိုင်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
No comments:
Post a Comment