Tuesday, July 31, 2012

အသားထဲကလောက်ကို သိနိုင်ပါစေ

 from - www. kachindailynews.blogspot.com/

ကျွန်တော်တို့ ၀န်ပေါင်အမျိုးသားတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ KIA/KIO အဖွဲ့အတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို တဆိတ်လောက်ရှင်းပြ ချင်ပါတယ်ဗျာ။ ဒါကလည်း လူငယ်စကားနဲ့ပြောရရင်   ဘောလုံးပွဲတစ်ပွဲ ကို ကြည့်နေရသလိုပါဘဲ။ ပွဲကြည့်စင်ကနေ အားလုံးကိုခြုံငုံပြီးမြင်နေရတဲ့ ဘောလုံးပွဲ ၁ ပွဲရဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်သာတာပေါ့။ အဲဒီလိုပဲ KIA/KIO ၂ ဖွဲ့အတွင်းက ကစားပွဲကိုလည်း ဘေးကပွဲကြည့် ပရိတ်သတ်ဖြစ်တဲ့ ကျွန်တော်တို့ ကချင်လူငယ်တွေက အများကြီး   မြင်နေရတယ်ဗျ။ ဒါတွေကတော ...........

 
          KIA  ဒုဥက္ကဌ အင်ဘန်လက KIA အဖွဲ့အစည်းအတွင်းမှာရှိတဲ့ ဇိုင်ဝါး ၊ လောဝေါ် ၊ လာချိတ် ၊ လီဆူး  ရ၀မ်ဘာသာစကားတွေကို သုံးစွဲခြင်းမပြုလုပ်ရန်နှင့် အဖွဲ့ရဲ့ ရုံးသုံးစာနှင့် စကားကို ဂျိန်းဖော ဘာသာစကား တစ်ခုတည်းသာ သုံးစွဲရမယ်ဆိုတဲ့ အမိန့်ကို သူကိုယ်တိုင် မျက်နှာပြ မထုတ်ပြန်ဘဲ KIA စစ်ဦးစီးချုပ် ဂမ်ရှောင် ကနေတဆင့် ထုတ်ပြန်စေခဲ့ပါတယ်။ ဒါကလည်း အင်ဘန်လ က သူ့အနေနဲ့ထုတ်ပြန်လိုက်ရင် အခြားလူမျိုးစု က တပ်ဖွဲ့ဝင်တွေရဲ့ လေးစားယုံကြည်မှုကို ထိခိုက်ပျက်ပြားမှာ စိုးရိမ်တာရယ်၊ နာမည်ကောင်းမရမယ့် ကိစ္စလည်း ဖြစ်နေတာရယ်ကြောင့်ပါ။ နောက်ပြီး ဒီလိုမျိုး ဂမ်ရှောင်ကနေတစ်ဆင့် တစ်ဖက်သတ် အမိန့်တွေ ပေးပြီး အများရဲ့အမြင်မှာ လူမျိုးစု ၅ စု (ဂျိန်းဖောမပါ) က ဂမ်ရှောင် အပေါ် အထင်အမြင်သေး/ယုံကြည်မှု နည်းပါးပြီး တစ်ဖြည်းဖြည်းနဲ့ KIA အဖွဲ့အတွင်းက ဂမ်ရှောင်ရဲ့လုပ်ပိုင်ခွင့်တွေ ၊ နာမည်ကောင်းတွေကို ဖျက်လို ဖျက်ဆီးလုပ်ချင်တာလည်း ပါတယ်။ ဗမာစကားပုံနဲ့ပြောရရင် ဒါဟာ တစ်ချက်ခုတ် ........ နှစ်ချက်ပြတ်ဘဲလေ။ အင်ဘန်လဖြစ်ချင်တဲ့ ဂျိန်းဖောလူမျိုးကြီး ၀ါဒကိုလည်း အကောင်အထည်ဖော်နိုင်မယ် ၊ အဖွဲ့အစည်းရဲ့ အတွင်း ရန်သူ ဂမ်ရှောင်ကိုလည်း ပထုတ်နိုင်မယ်ပေါ့။ အင်ဘန်လဟာ တော်တော် အကွက်စေ့အောင် ကြိုတင်စီစဉ် ထားတယ်ဆိုတာ မြင်သာနေပါတယ်။ ဂမ်ရှောင်ခင်မျာမှာတော့ ဒါတွေကို မမြင်မိဘဲ အင်ဘန်လရာထူး တိုးရေး လုပ်ပေးနေရင်း ဂျိန်းဖောလူမျိုးအချင်းချင်း နောက်ကျောကနေ ဓားထိုးခံနေရတယ်။

    အင်ဘန်လနဲ့ လူမျိုးစုတွေကြားမှာ ဂမ်ရှောင်တစ်ယောက် ပဲလှော်ကြား ဆားညပ် ဆိုတာလိုဖြစ်မှာကို စိုးရိမ်မိပါတယ်။ တရုတ်နိုင်ငံဘက်မှာ ရှိတဲ့ ကချင် လူမျိုးစု ခေါင်းဆောင် တွေကတော့ ဂမ်ရှောင်ကို ထောက်ခံ ပေးကြတဲ့အတွက် ဂမ်ရှောင်အနေနဲ့ လူမျိုးစု ၅ စုရဲ့ခေါင်းဆောင် အဖြစ်ရပ်တည်ပြီး အင်ဘန်လရဲ့ အမိန်တွေ/ ညွှန်ကြားမှုတွေကို ကန့်ကွက်သွားမှာလား ? ထောက်ခံမှာလား ? မကျေနပ်မှုတွေကို ပေါက်ကွဲ  ၍မရဘဲ ကြေကွဲ ၍ သာရတော့၍ ခိုင်းသမျှ ခေါင်းငုံနေရ တော့မလား ? ဆိုတာကတော့ ရှေ့ဆက် စောင့်ကြည့် ရအုံးမှာပါ။ အင်ဘန်လဟာ ဂမ်ရှောင်ကို အသုံးချပြီး သူနေရာရဖို့အတွက် အဓိက ဦးတည် ချက်ထား လုပ်ဆောင်နေတာ ဟာ သိသာ ထင်ရှားနေပါတယ်။
          အဖွဲ့ ၂ ဖွဲ့ တစ်ဖက်နဲ့တစ်ဖက် အာဏာလွန်ဆွဲပွဲလုပ်တာက အရေးမကြီးဘူးဗျ။ ကျုပ်တို့ ပြည်သူလူထု က စပါးစိုက်ဖို့ပြင်ရတော့မယ်။ တိုက်ပွဲတွေက မရပ်သေးဘူး။ စစ်တပ်က သူ့ဖာသာသူငြိမ်နေတာဗျာ။ ခင်ဗျားတို့ က နယ်ခြားစောင့်တပ်ကို သွားတိုက်လိုက် ၊ စခန်းကို တိုက်လိုက်နဲ့ ပျားအုံတုတ်နဲ့ထိုးမှတော့ ပျားတုတ်မှာပေါ့။ သဘောပေါက်ပါတယ်ဗျာ။ ခင်ဗျားတို့ အသားမှမနာတာ။ ရှေ့တန်းတင်ထားတဲ့ အောက်က ကချင်ရဲဘော်တွေ ဘဲ သေတာလေ...... သေသေပေါ့ မဟုတ်ဘူးလား။
          ပညာတက် အတွေ့အကြုံရှိ ရာထူးကြီးကြီး ယူထားပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးများ တစ်ယောက်နဲ့ တစ်ယောက် နောက်ကြောဓားနဲ့ထိုးလိုက်၊ ဒဂေါက်ခွက် တက်နင်းလိုက် ၊ လည်ပင်းနင်းလိုက်နဲ့ ဖြစ်လာပါလိမ် မယ်............... ခင်ဗျားတို့ရဲ့ ၀န်ပေါင် နိုင်ငံကြီး .........
          ကဲပါဗျာ အဲဒီဝန်ပေါင်နိုင်ငံကြီးကို ခဏလေးသိမ်းထားပေးပါ။ လာမဲ့မိုးမှာ စပါးစိုက်ပြီး ပြည်သူတွေ ထမင်းမငတ်အောင် အရင်လုပ်ပေးကြပါအုံးလို့ဗျာ။
ကချင်ပြည်သူများ

No comments:

Post a Comment