Monday, July 23, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့ တွေ့ဆုံ



ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့ တွေ့ဆုံလျက်ရှိနေပြီး အဆိုပါ တွေ့ဆုံမှု အပြီးတွင်

(၁) မြန်မာ- ထိုင်း အစိုးရတို့ အကြား ထားဝယ် အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများတွင် ပြီးပြီး ပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၂) မြန်မာ- ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့ကို

နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများ လက်မှတ် ရေးထိုးကြမည်ဟု သိရပါသည်။

ထို့နောက် စွမ်းအင် ဖိုရမ် တည်ထောင်ရေး ဆိုင်ရာ ပူးတွဲကြေညာချက် နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများက လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း အဆိုပါ ခရီးစဉ်၌ လိုက်ပါ သတင်းယူနေသော Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုး၏ သတင်း ပေးပို့မှုအရ သိရှိရပါသည်။



No comments:

Post a Comment