Tuesday, July 24, 2012

မိုးသီးဇွန် မြန်မာပြည်ပြန်လာရင် တရားစွဲဆိုခံရမည်လော

လေကြီး မိုကြီး ငမိုးသီး ဆိုတဲ့ စကားအတိုင်း   မိုးသီးဇွန် တစ်ယောက် ဦးသိန်စိန် အစိုးရ ဘာဖြစ်တယ်-ညာဖြစ်တယ် ပြောပြီး ခု ပြည်တွင်း ပြန်လည်ဝင်ရောက် လာတော့မှာ ဖြစ်တယ် လို့ အင် တာနက် သတင်းတွေအရ ဆိုပါတယ်။ ယခင် ရဲချုပ် ၊ ယခု လ၀က ၀န်ကြီး ဦးခင်ရီဟာ မိုးသီးဇွန် နေပြည်တော် နားက ရေလှောင် တမံတွေ၊ ဆည် တွေကို ဖောက်ခွဲ ဖျက်ဆီးပြီးေ နပြည်တော်ကို ရေလွှမ်းမိုး ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု မှာ ပြောဖူးပါတယ်
 နောက် တစ်ခု  တရားစွဲဆို ခံရမဲ့ ကိုန်းကတော့ လက်ရှိ သမ္မတ ဦးသိန်းစိန် ၀န်ကြီးချုပ်ဘ၀ နဲ့ နယူးယောက် ရှိ မြန်မာ သံရုံးကို သွားရောက်စစ်ဆေးစဉ်က ဦးသိန်းစိန်ကားတွေ ဖိနပ်နဲ့ ပစ်ပေါက်  ဆန္ဒပြခဲ့ဖူးတာပါ။ ဒီမိုကရေစီ စန်စမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ရှိပေမဲ့ စည်းမဲ့ ကမ်းမဲ့ မိုက်မိုက် ကန်းကန်း ဖိနပ်နဲ့ ပစ်ပေါက်တာမျိုးတော့ မရှိပါဘူး။ သူဟာနယူးယောက်မှာ  နိုင်ငံခြားရေး ၀န်ကြီး ဦဥာဏ်ဝင်း (ယခု ပဲခူးတိုင်း ၀န်ကြီးချုပ်)  ကားကိုလဲ  ဖိနပ် နဲ့ ပေါက်ဖူးပါတယ်။   အဲဒီ ပေါက်တဲ့ ဖိနပ် အမျိုးအစားကို သူ့ဘလော့မှာ ဂုဏ်ယူဝံကြွားစွာ ဖော်ပြဖူးပါတယ်၊ ခုတော့ အဲဒီ ဆန္ဒပြခဲ့တဲ့ အကြောင်းကို သူ့ဘလော့မှာ ဖျက်လိုက်ပါပြီ။


အောက် က ဗီဒီယိုတွေက တော့ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာတော့မဲ့ မိုးသီးဇွန်ရဲ့ ပရမ်းပတာ ဆန္ဒပြခဲ့တဲ့ ဗီဒီယိုတွေပါ။








                                      ဦးသိန်းစိန်ကို ဆန္ဒပြခဲ့တဲ့ မိုးသီးဇွန်

                   မိုးသီးဇွန် ဖိနပ်ကို ကြေငြာခဲ့ပုံ






No comments:

Post a Comment