Sunday, July 29, 2012

မိခင်မှ မွေးဖွားပြီးချိန် ရက်(၂၀)ကျော်မှ ဦးခေါင်းကြီးလာသော ကလေးငယ်အား ကူညီဆောင်ရွက်ပေးရန်လိုအပ်နေ

 from - http://www.hotnewsweekly.com/archives/7710
စာရေးသူသည် စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်း မောက်မြို့နယ်သို့ မြေထောက်ပဲ နှင့် မြေပဲဝယ်ရန် ရောက်ရှိခဲ့ပါသည်။ ထိုသို့ သွားရောက်စဉ် ဗန်းမောက် မြို့နယ်တွင်းရှိ ကျွဲကောကြီးရွာ တွင် ကလေးတစ်ယောက် ဦးခေါင်းကြီးနေသည်ကို မြင်တွေ့ ခဲ့ရပါသည်။ ထိုသို့ ထူးခြားစွာ ခေါင်းကြီးနေသော ကလေးမိခင် အား စာရေးသူ မေးမြန်းခဲ့ပါ သည်။
စာရေးသူမေးမြန်းရာတွင် ကလေး၏ မိဘမှာ ကိုမောင်တိုး+ မမိသေးဖြစ်ပြီး ကလေး၏ နာမည်မှာ မောင်ရှိန်းနိုင်နိုင်ဖြစ်ပါ သည်။ မိခင်မှ ကလေးကို ကိုယ် လက်အင်္ဂါအကောင်းပကတိ မွေးဖွားပြီး ရက်ပေါင်း (၂၀)အရ တွင် မိခင်ရော ကလေးပါ ဖျား သဖြင့် အင်းတော်မြို့နယ် ပြည်သူ့ ဆေးရုံ၌ ဆေးရုံတက်ရပါသည်။ ဆေးရုံဆင်းပြီးချိန်တွင် မိခင်ရော ကလေးပါ ကျန်းမာရေးကောင်း လာသော်လည်း ကလေးမှာ တဖြည်းဖြည်းနှင့် ခေါင်းကြီးလာ ပါသည်။
ယခုဆိုလျှင် ကလေးမှာ အသက်တစ်နှစ်ကျော်လာသော် လည်း အခြားကလေးများကဲ့သို့ ပုံမှန်အနေအထား မတွေ့ရချေ။ မိမိနို့ရည်အားသောက်သုံးနိုင်သော် လည်း ခန္ဓာကိုယ်မှာ ပျော့ဖတ် ဖတ်နေပါသည်။ စာရေးသူသည် ကလေး၏ မိခင်အား “ခွဲစိတ်ကုသ လို့ မရနိုင်ဘူးလား”ဟု မေးကြည့် ပါသည်။ ကလေးမိခင်မှ ကလေး ဦးခေါင်းကြီးပြီး ဒုတိယအကြိမ် ဆရာဝန်နှင့် ပြန်ပြရာတွင် မြို့နယ်ဆရာဝန်မှ “အောင်မြင် မယ်၊ မအောင်မြင်ဘူးကိုတော့ အတိအကျပြောလို့ မရပါဘူး။ ခွဲစိတ်လို့တော့ ရပါတယ်”ဟု ပြောပါသည်။ ““ဆရာဝန်ပြောပေ မယ့် ကျွန်မတို့မှာ ငွေကြေးက လည်း မတတ်နိုင် ဘယ်လိုအကူ အညီတောင်းရမယ်ဆိုတာ မသိ လို့ ဆရာဝန်အား ဘာမှပြန်မပြော ဘဲ ပြန်လာခဲ့ပါတယ်””ဟု စာရေး သူအား ပြောပြပါသည်။
ထို့ကြောင့် ထိုကလေးအား ကူညီဆောင်ရွက်ပေးလိုပါက ထို ကလေး၏ မိဘနှင့် တိုင်ပင်နိုင်ပါ သည်။ ပြီးလျှင် ဆရာဝန်နှင့် တိုင် ပင်ပြီး အလှူရှင်မှ ကူညီဆောင် ရွက်ပေးနိုင်ကြောင်း တင်ပြလိုက် ပါသည်။ ကလေး၏ မိခင်မှလည်း ခွဲစိတ်ကုသဖို့ ဆန္ဒရှိကြောင်း စာရေးသူအားပြောပြပါသည်။

မွှေးမွှေး (အင်းတော်)


No comments:

Post a Comment