Saturday, July 21, 2012

မန်ဝိန်းရွာနဲ့ဖာဈာန့်ရွာတို့တွင် KIA မှလူသစ်စု

မန်ဝိန်းကြီးရွာမှ ရွာသားတစ်ဦးဟာ ၁၇ရက်နေ့ မနက်၁၀နာရီလောက်မျာ ကောင်းမုယန်ရွာတွင် လွှတ်ထားသော နွားများအား နေအိမ်သို့ ပြန်လည်မောင်းရန်လာစဉ် ၁၈ရက်နေ့ နေ့လည် ၁နာရီခွဲလောက်မှာ KIA မှ မြို့နယ်မှူး ဘရန်အောင်နဲ့ ၁၀ဦးဟာ တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ဒါ့အပြင် ဖာဈာန့်ရွာမှ ၃ဦးဟာ တရုတ်နိုင်ငံတွင် လည်ပတ်ပြီး ပြန်လာခဲ့ရာ KIA အုပ်ချုပ်ရေးမှူး လအောင်ဦးစီး၁၀ဦးရဲ့ တပ်သားသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ အဲဒီ ၃ဦးဟာ ၁၆နှစ်နဲ့ ၂၀ ပတ်ဝန်းကျင်သာရှိတဲ့သူတွေဖြစ်ပါတယ်။ ထို့အတူဘဲ နောင်မွန်းရွာမှ ၇ဦး၊ နမ့်ဟီးရွာမှ ၅ဦး၊ တို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။



ဒီဇူလိုင်လ တစ်လအတွင်းမှာကို KIA ကရွာတွေမှာ လူသစ်စုဆောင်းနေတာ ၁၀၀ကျော်ရှိနေပြီးဖြစ်ပါသည်။ အခုလို လူသစ်စုဆောင်းနေတာဟာ KIA နဲ့ အစိုးရတပ်တွေကြားမှာ တိုက်ပွဲဖြစ်ပြီး KIA ကအကျအဆုံးများတဲ့အတွက် အင်အားဖြည့် တင်းတဲ့အနေနဲ့ပြုလုပ်တာဖြစ်တယ်လို့ KIA မှအရာရှိတစ်ဥိးကပြောပါတယ်။ KIA ဗဟိုမှအမိန့်နဲ့ အစိုးရတပ်တွေကို ပိုပြိး တိုက်ခိုက်ခိုင်းနေပြီး တိုက်ပွဲတိုင်းလိုလိုမှ မိမိတို့ဘက်က အကျအဆုံးများနေကြပါတယ်။ ဒီလိုအကျအဆုံးများနေရတာကလည်း စစ်တိုက်ဖို့ဆန္ဒမရှိတဲ့ ကလေးသာသာလူငယ်လေးတွေကို အတင်းစုဆောင်းပြီး စစ်တိုက်ခိုင်းတဲ့အပြင် ဘာမှထောက်ပံ့မှုမ၇ှိ တာကြောင့်ဖြစ်နေပါတယ်လို့ KIA အရာရှိတစ်ဦးကပြောပါသည်။

No comments:

Post a Comment