Saturday, August 11, 2012

Agni -၂ ဒုံးကျည် အိန္ဒိယအောင်မြင်စွာ စမ်းသပ်ပစ်ခတ်

From- mwdmedia.net


 (နယူးဒေလီ  သြဂုတ်  ၁ဝ)
အိန္ဒိယ နိုင်ငံသည်  နျူကလီးယား  ထိပ်ဖူး သယ်ဆောင် နိုင်သည့် Agni -၂ ဒုံး ကျည်  ကို သြဂုတ် ၈ ရက်တွင် တတိယ အကြိမ်မြောက် အောင်မြင်စွာ စမ်းသပ် ပစ်ခတ် ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြား ချက်ကို ကိုးကား၍ Times of India သတင်း စာက ဖော်ပြ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည်ကို   ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ ဝှီးလား ကျွန်း၌ ရွေ့လျား ပစ်ခတ် စင်ပေါ်မှ ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်းဒုံးကျည် တွင် အလေးချိန် တစ်တန်ရှိ ထိပ်ဖူး ပါရှိပြီး ကီလို မီတာ ၂ဝဝဝ အကွာ အဝေးမှ ပစ်မှတ်ကို ထိမှန် အောင်ပစ် ခတ်နိုင် ခဲ့ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံသည် ၄င်း Agni -၂ ဒုံးကျည် မျိုးများ ကို  ၂ဝဝ၉ ခုနှစ်တွင်  စတင် စမ်းသပ် လျက်ရှိ ကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံသည် ကီလို မီတာ ၅ဝဝဝ အထိ  ရောက်ရှိ နိုင်သည့် Agni -၅  ဒုံးကျည် ကို ယခုနှစ် ဧပြီလ တွင် စမ်းသပ် ပစ်ခတ် ခဲ့ပြီး ၄င်း ဒုံးကျည်ကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ် အတွင်း စတင် အသုံးပြုသွား မည်ဖြစ် ကြောင်း သိရသည်။ ထို့အပြင်  အိန္ဒိယ နိုင်ငံသည် ကီလို မီတာ ၅ဝဝဝ ကျော်အထိ ပစ်ခတ် နိုင်သည့် Agni -၆ ဒုံးကျည် ကို ထုတ်လုပ် ရန်ကြိုးပမ်း လျက်ရှိ ကြောင်း သိရသည်။

No comments:

Post a Comment