Friday, August 24, 2012

လူမျိုးရေးမုန်းတီးမှုများနှင့် အကြမ်းဖက်မူများဖော်ပြခဲ့သော လူမူရေးဝက်ဘ်ဆိုဒ်များကို အိန္ဒိယအစိုးရ နှိမ်နင်း

အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်း အာသံပြည်နယ်တွင်းဖြစ်ပွားခဲ့သော လူမျိုးစုပဋိပက္ခများနှင့် ပတ်သတ်ပြီး လူမျိုးရေးမှန်းတီးမှုများနှင့် အကြမ်းဖက်မူများအကြောင်းဖော်ပြခဲ့သည့် လူမူရေးဝက်ဘ်ဆိုဒ်များကို အိန္ဒိယအစိုးရအဖွဲ့ က နှိမ်နင်းလျက်ရှိကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။အကြမ်းဖက်မူဖြစ် ပွားအောင် လှုံ့ဆော်ပေးသော အကြောင်းအရာများကို ဖယ်ရှားမပေးပါက လူမူရေးဝက်ဘ်ဆိုဒ် များကို တရားဥပဒေအရ အရေးယူသွား မည်ဖြ  စ်ကြောင်း အိန္ဒိယအစိုးရက သတိပေးထားသည်။

အစိုးရအဖွဲ့ ၏ တောင်းဆိုချက်အတိုင်း လူမှုကွန်ယက်ဝက်ဘ်ဆိုက်များဖြစ်ကြသော Facebook၊ Twitter နှင့် Google တို့ က “လှုံ့ဆော်” စာသားများကို ဖယ် ရှားပေးခဲ့သည်။
အိန္ဒိယအစိုးရအဖွဲ့ ၏ တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ပေးခဲ့သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ပေးမှုသည် Facebook ၏ ယခင်ရှိပြီးသား ဥပဒေချိုးဖောက်သူများကို ပိတ်ပင်မူပြုလုပ်ခြင်းမျိုးသာဖြစ်ကြောင်း Facebook ကသတင်းထုတ်ပြန်သွားသည်။
အကြမ်းဖက်ခြိမ်းခြောက်စာအများစုသည် ပါကစ္စတန်နိုင်ငံမှ အဓိက ထွတ်ပေါ်လာခြင်းသာဖြစ်ကြောင်း အိန္ဒိယအစိုးရအဖွဲ့ က စွပ်စွဲပြောဆိုထားသည်။
လူမျိုးရေးမငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်သည့် အင်တာနက် ဝက်ဘ်ဆိုဒ် ၂၄၅ ခုကို ပိတ်ပင်လိုက်ကြောင်း အိန္ဒိယ ဆယ်သွယ်ရေးဝန်ကြီး ချန်ဒရာရှိခါးကထုတ်ဖော်ပြောကြားသွားသည်။
သို့ သော်လည်း ယင်းကဲ့သို့ သော ဝက်ဘ်ဆိုဒ်ပိတ်ပင်မူများမှတစ်ဆင့် အလွန်အကျွံဆင်ဆာပြုလုပ်မူများသို့ ရောက် ရှိသွားနိုင်ကြောင်း India Express သတင်းစာက သတိပေးရေးသားသည်။

From -TheVoiceWeekly

No comments:

Post a Comment