Friday, August 31, 2012

ရခိုင် ဒုက္ခသည်များ အတွက် အိန္ဒိယ အကူအညီ အမေရိကန် ဒေါ်လာ ၂သိန်း နယ်စပ်ရေးရာ ၀န်ကြီးသို့ လွဲပေး

ဆူပူ အကြမ်းဖက်မူကြောင့် ခိုကိုးရာမဲ့နေကြသော ရခိုင်ပြည်သူ ဒုက္ခသည်များ အတွက် ကူညီသော အမေရိကန် ဒေါ်လာ (၂) သိန်းကို အိန္ဒိယ တာဝန်ရှိသူများမှ မြန်မာ နယ်စပ် ရေးရာဝန်ကြီး ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးလက်သို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း သတင်း ရရှိသည်။


အိန္ဒိယ သံအမတ် Dr. Villur Sundararajan Seshadri က အမေရိကန် ဒေါ်လာ ၂သိန်းကို နယ်စပ်ရေးရာ ၀န်ကြီး ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးထံသို့  သြဂတ်(စ်) ၂၉ရက် (ဗုဒ္ဓ ဟူး)နေ့က လွှဲပြောင်း  ပေးအပ်ခဲ့သည်ဟု ဆိုသည်။
၎င်းထောက်ပံ့ ကူညီ ငွေများကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်မှဆင့် စီမံခန့်ခွဲပြီး ဒုက္ခရောက်နေသော မိသားစုများထံသို့ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ထောက်ပံ့ ကူညီပေးသွားမည် ဟု ဆိုသည်။
အဆိုပါ အကူအညီကို ဒုက္ခရောက်နေကြသော မိသားစုများအကြား သဟဇာတဖြစ်မှုနှင့် တည်ငြိမ်အေးချမ်းမှု ဆီသို့ လျင်မြန်စွာ ဦးတည်လာအောင် ရည်ရွယ်၍ အိန္ဒိယနိုင်ငံက ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ သံအမတ်သည် မြန်မာ့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးသိန်းဌေးနှင့် အတူ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများသို့ သွား ရောက် ကြည့်ရှု ခဲ့ကြသည်ဟု ဆိုသည်။
အိန္ဒိယ၏ ထောက်ပံ့ ကူညီငွေများဖြင့်  ဒုက္ခသည်များ အတွက် အမြဲတန်း နေထိုင်နိုင်သော အဆောက်အအုံ ၈၀၀ ဆောက်လုပ် သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးက ပြောကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံ အာသံပြည်နယ်တွင်လည်း ရခိုင်မှာ ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူများကဲ့သို့ ဌာနေတိုင်းရင်းသား ဘိုဒို လူမျိုးများနှင့် အခြေချ နေထိုင်ရန် ရောက်ရှိလာသူ ဘင်္ဂလီ မွတ်ဆလင်များ အကြား ဆူပူ အကြမ်းဖက်မူများ  အလားတူ ပေါ်ပေါက်နေပြီး သြဂတ်စလ ၂၉  ရက်နေ့ကလည်း တိုက်ခိုက်မူများ ဆက်လက် ဖြစ်ပွားခဲ့ သဖြင့် လူ တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

 

No comments:

Post a Comment