Saturday, August 11, 2012

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမည်


From- ပြည်သူ့ခေတ်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း Myanmar Journalists Association - MJA နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ၁၁ သြဂုတ် ၂၀၁၂ စနေနေ့နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်မှာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


MJAညီလာခံသို့ပြည်နယ်/တိုင်းဒေသကြီးများမှညီလာခံကိုယ်စား လှယ်များနှင့် MJA ဖြစ်မြောက်ရေးကော် မတီဝင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၁ ညီလာခံတွင် MJA ဗဟိုဦးစီးအဖွဲ့ဝင် ၅၅ဦးကို ရွေးချယ်တင်မြှောက်မည်ဖြစ်ပြီး ယင်း ၅၅ ဦးအနက် ပြည်နယ်/တိုင်း သတင်းစာဆရာအသင်း ဥက္ကဌ ၁၄ ဦးကို ဗဟိုဦးစီးအဖွဲ့ဝင်များ အဖြစ် အလိုအလျောက် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ ကျန် ၄၁ဦးနေရာများအတွက် ညီလာခံ ကိုယ်စားလှယ်များက လျှို့ဝှက် ဆန္ဒမဲပေးပြီး ရွေးချယ်ကြရမည်ဖြစ်သည်။

ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ပြီးသည့်အခါ ယင်းတို့အထဲမှ ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးကို ဗဟိုဦးစီးအဖွဲ့ဝင်များက ဆက်လက်ေ၇ွးချယ်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။

MJA နိုင်ငံလုံးဆိုင်ရာ ညီလာခံ၏ ရွေးချယ်တင်မြှောက်ပွဲကော်မရှင်ကိုလည်း ဖွဲ့စည်းထား ကြောင်း သိရပြီး ကော်မရှင်ဥက္ကဌအဖြစ် ဦးကိုနီ (မောင်ကိုနီ၊ တရားရုံးချုပ်ရှေ့နေ)၊ အတွင်းရေးမှူး အဖြစ် ဒေါ်နန်းကလျာဝင်း (ငွေသော်တာ)နှင့် အဖွဲ့ဝင်များအဖြစ် ဦးဖေမြင့်၊ ဦးမောင်မောင်အေး (မောင်ဟေမာ)၊ ဦးမျိုးအောင် (ပြည့်စုံစာပေ) တို့က ဆောင်ရွက်ပေးကြမည် ဖြစ်ကြောင်း သိရသည်။

MJA နိုင်ငံလုံးဆိုင်ရာ ညီလာခံနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် ရုံးချိန်အတွင်း MJA ရုံးအဖွဲ့ ၀၉၄၂၁၀၉၄၆၅၉ သို့မဟုတ် ဦးဖိုးနိုင်လင်း အတွင်းရေးမှူးအဖွဲ့ ၀၉၇၃၁၃၇၄၈၉ သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။

No comments:

Post a Comment