Tuesday, August 21, 2012

ကချင်ပြည်နယ်တွင် ကျွဲတစ်ကောင်ထက် မိုင်းတစ်လုံးကပိုမိုတန်ကြေးရှိနေ

သြဂုတ်လ (၁၉)ရက်နေ့က  ကေအိုင်အေတပ်မဟာ(၃) လက်အောက်ရှိ တပ်ရင်း(၂၇)မှ ကေအိုင်အေ ပြည် သူ့စစ်အင်အား (၂၀)ကျော်ခန့်ဟာ မန်စီမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာများမှ ဒေသခံ ရွာသားတွေကို သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒေသခံရွာသားတွေ မွေးမြူထားတဲ့ ကျွဲ၊နွားတွေကို ရွာအနီးပ တ်ဝန်းကျင်နဲ့ တောထဲတွေမှာ ပိုင်ရှင်မပါဘဲ လွှတ်ကျောင်းခြင်းမပြုရန်နဲ့ ပိုင်ရှင်မပါဘဲ လွှတ်ကျောင်း သဖြင့် ၄င်းတို့ထောင်ထားသော မိုင်းများနင်းမိပြီး ပေါက်ကွဲပါက မိုင်းတန်ဖိုးအပြင် အခြားဒဏ်ငွေများပါပေးဆောင်ရမယ် ။ ဒ့ါအပြင် ဒေသခံ ရွာသူ/ရွာသားတွေကို တစ်ဦးချင်း လိုက်လံအသိပေးသွားဖို့ ကျေးရွာ လူကြီးတွေကို ကေအိုင် အေ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
          “မနေ့က လာပြောသွားတာ။ သူတို့ပြန်သွားတော့ ရွာလူကြီးတွေက ရွာမှာ ရှိတဲ့လူတွေ အားလုံးကို ခေါ်ပြီးပြောပြတယ်။ ဒီမှာက သူတို့အမာခံတွေလည်းရှိတော့ ဖြစ်ခဲ့ရင် နွားပိုင်ရှင် ဘယ်သူ လဲဆိုတာသိတော့ ငြင်းလို့မရဘူးလေ။  သူတို့တွေ ခဏခဏလူသစ်လာလာခေါ်လို့ ရွာမှာရှိတဲ့ လူငယ်တွေ ကို မြို့ပေါ်တွေမှာ သွားပြီးနေခိုင်းထားတော့ လယ်ကလည်းလုပ်ရတယ်။ နွားလည်း ကိုယ်တိုင် ကျောင်း ရတော့မလိုဖြစ်နေပြီ။ အရင်ကတော့ ဒီအတိုင်း ရွာနားပတ်ဝန်းကျင်မှာ လွှတ်ထား လိုက်တာဘဲ။ မိုးချုပ်ရင် သွားခေါ်လာလိုက်ရုံဘဲ။ အခုလိုပြောတော့ ကျွဲနွားတွေအတွက် မြက်ပါရိပ် ကျွေးရတော့ မယ်။ လျှော်ကြေး မရတဲ့အပြင် ကျွဲနွားတွေထက်တောင် မိုင်းကပိုတန်ဖိုးရှိနေ တယ်လို့” ဒေသခံတစ်ဦး မှပြောဆိုနေ ကြပါတယ်။
 
From -ကချင်နေ့စဉ်သတင်း

No comments:

Post a Comment