Sunday, August 5, 2012

၈၈ ကျောင်းသားများရဲ့ ရခိုင်အရေး သတင်းစာရှင်းလင်းပွဲ

၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် News Watch ဂျာနယ်မှ မေးမြန်းရာတွင် ရခိုင်ရောက်သည့်အခါ ဘင်္ဂါလီများထံသို့ ရောက်ခဲ့ပါသေးသလားဟု ဆိုသည့်အမေးကို ကိုကိုကြီးမှ " မောင်တော တွင် ၉၇%မှာ ဘင်္ဂါလီများ နေထိုင်ပြီး၊ ဘူးသီးတောင်တွင် ၉၅%မှာ ဘင်္ဂါလီများဖြစ်ကြောင်း" ပြောကြားသည်။



ဘူးသီးတောင် မောင်တောတွင် ဘင်္ဂါလီဒုက္ခသည်မရှိကြောင်း၊ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့် ဘင်္ဂါလီဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ကြောင်းပြောကြားသည်။
၈၈မျိုးဆက်ကျောင်းသားများ ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် ဗီးနပ်စ် ဂျာနယ်မှ " ရိုဟင်ဂျာကိစ္စသည် နိုင်ငံတကာတွင် လူ့အခွင့်အရေးကိစ္စဖြစ်နေကြောင်း၊ ၈၈အနေဖြင့် လူ့အခွင့်အရေး ရှုထောင့်မှ မည်သို့မြင်ပါသနည်း" ဆိုသည့်အမေးကို
မင်းကိုနိုင်က ပြန်လည်ဖြေကြားရာတွင် အုပ်ချုပ်သူတို့ ဘက်က လာဘ်စားမှုမျိုးလဲရှိခဲ့ကြောင်း၊ ဖြစ်ပွားခဲ့သမျှကိစ္စရပ်များကို လူ့အခွင့်အရေးဘက်တစ်ခုတည်းကလည်း မကြည့်သင့်ကြောင်း၊ ဘက်ပေါင်းစုံမှ ကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။ ထိုမေးခွန်းကို ကိုကိုကြီးက ဖြည့်စွက် ဖြေကြားရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်မှလည်းကြည့်ရမည်ဖြစ်ကြောင်း၊ ဒါ့အပြင် လူသားချင်းစာနာသည့်ဘက်ကလဲကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။

No comments:

Post a Comment