Thursday, August 2, 2012

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိ

Vice Senior General Min Aung Hlaing, right, at the world heritage site Mahabodhi Temple at Bodhgaya in the Gaya District in Bihar State, India, on Thursday, August 2, 2012.  Photo: AFP 
အိန္ဒိယနိုင်ငံက  ဖိတ်ကြားမှုကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ဟာ မနေ့က (သြဂုတ်လ၁ရက်နေ့) ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယနိုင်ငံကို ရက်သတ္တ တစ်ပတ်ကြာ အလည်အပတ် ရောက်ရှိလာခဲ့ပါတယ်။ မြန်မာစစ်တပ် အကြီးအကဲဟာ ယနေ့မှာ ဗုဒ္ဓဂါယာသို့ရောက်ရှိခဲ့ပြီး တစ်ပတ်ကြာ ခရီးစဉ်အတွင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony နဲ့တ ကွ အိန္ဒိယ စစ်တပ် ကြည်း  ရေ  လေ ဗိုလ်ချုပ်ကြီးတွေနဲ့တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပြီး အိန္ဒိယ အရှေ့ပိုင်း ကြည်းတပ်နဲ့ ရေတပ် စစ်ဦးစီးဌာနချုပ်တွေကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ 

  ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်အစမှာဘဲ နှစ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေး ပူးတွဲဆောင် ရွက်မှုကို မြှင့်တင်တဲ့အနေနဲ့ မြန်မာ့တပ်မတော်က စစ်သည်တွေကို အိန္ဒိယနိုင်ငံက ပိုမိုလေ့ကျင့် သင်တန်းပေးသွားဖို့နဲ့ လက်နက်မဟုတ်တဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ကူညီသွားဖို့  ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယ အစိုးရက မနေ့ကပြောဆိုလိုက်ပါတယ်။အခုလို မဟာဗျူဟာအရ အရေးကြီးတဲ့ ကိစ္စတစ်ရပ်ကို ချမှတ်လိုက်တာဟာမြန်မာစစ်တပ် ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။ အိန္ဒိယ အစိုးရဟာ နိုင်ငံအရှေ့မြောက်ဖျား မြန်မာနယ်စပ်မှာ အခြေစိုက်နေတဲ့ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို မောင်းထုတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။
Ref RFA, Mizuma




No comments:

Post a Comment