Sunday, August 19, 2012

ဗြိတိန်နိုင်ငံရှိ ရုရှားသံရုံး တိုက်ခိုက်ခံရ

ဗြိတိန် နိုင်ငံ လန်ဒန်မြို့ရှိ ရုရှားသံရုံးကို ဆီးရီးယား အစိုးရအား ဆန့်ကျင်သည့် ဆောင်ပုဒ်များ ကိုင်ဆောင် ထားသည့်  ဆန္ဒပြသူများက တိုက်ခိုက် ခဲ့ကြကြောင်း အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။မျက်နှာဖုံး ဝတ်ဆင်ထားသ ည့် ဆန္ဒပြ သူပေါင်း ၄ဝ ဦးခန့်သည် ရုရှားသံရုံးကို သြဂုတ် ၁၇ ရက် သန်းခေါင်ယံ အချိန်က ကျော က်ခဲ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြကြောင်း၊ ၎င်းဆန္ဒပြသူ များသည် အာဆတ် အစိုးရအား ဆန့်ကျင်သည့် စာတမ်းပါ ဆောင်ပုဒ်များကို တညီ တညွတ်တည်း ကြွေးကြော်ခဲ့ ကြကြောင်း၊ ကျောက်ခဲဖြင့် ပစ်ပေါက်မှု များကြောင့် သံရုံးမှာ ပျက်စီးမှုများ ဖြစ်ခဲ့ရကြောင်း သိရသည်။ သို့သော် သံရုံးဝန်ထမ်းများ ဒဏ်ရာရရှိ ခဲ့ခြင်းရှိ၊ မရှိကိုမူ အဆိုပါ သတင်းတွင် မဖော်ပြ ထားပေ။
ယင်းကဲ့သို့ သံရုံး တိုက်ခိုက် ခံခဲ့ရခြင်းနှင့် ပတ်သက်၍ လန်ဒန်မြို့ရှိ ရဲဌာနသည် အဆိုပါ အကြမ်းဖက်မှုကို ရပ်တန့် သွားအောင် ဆောင်ရွက်မှု မရှိခဲ့ဟု ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဌာနက စွပ်စွဲပြောဆို ထားကြောင်း သိရသည်။    
From -မြ၀တီ

No comments:

Post a Comment