မဲဆောက်မြို့တွင်ယာဉ်တိုက်မှုကြောင့်သေဆုံးခဲ့ရ သည့် နောင်ဘွား အထည်ချုပ်စက်ရုံမှ မအေးအေးမော်(၃၃)စ်ကို ယာဉ်မောင်းသူ ထိုင်းနိုင်ငံသား(ေ မျှာ့လူမျိုး)က တစုံတရာ တာဝန် ယူမှုမရှိ သည့်အတွက် နာရေးကိစ္စမြေချ မှုကိုဆိုင်းငံ့ထားပြီး မဲဆောက်ရဲ စခန်းတွင်ဥပေ
ကြောင်း အရ အမှုဖွင့် တရားစွဲဆိုထားသည်။
မြေချရန်ဆိုင်းငံခြင်းနှင့် ဥပဒေကြောင်းအရအမှုဖွင့်တရားစွဲဆိ
နာရေးကူညီမှုအသင်း(မဲဆောက်)မှကို အရှည်ကြီးက” ကားသမားကတိုင်ချင်ရာတိုင်လို့ြေ ပာတယ် တိုက်တဲ့ကားကိုရဲစခန်းမှာဖမ်းထားတယ် ဒါကြောင့်ဒီအမှုကိစ္စပြီးမှမြေချဖို့ အလုပ်ရှင်နဲ့ကျွန်တော် တို့ဆုံးဖြတ်ထားတယ်”ဟု ပြောသည်။
သေဆုံးသူမအေးအေးမော်သည် ရန်ကုန်တိုင်းဒေသကြီးသံလျှင်မြို့နယ်အောင်ချမ်းသာရပ်ကွက်နေ ဦးသောင်းရွှေဒေါ်ကြင်ဥတို့၏သမီြး ဖစ်ပြီး မဲဆောက်တွင်တရားဝင်အလုပ်သမားလက်မှတ်နှင့်ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားပြီး မဲဆောက်မြို့ပြင်ရှိနောင်ဘွားရပ်ကွက်အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။
ယနေ့မွန်းလွဲပိုင်းတွင်မဲဆောက်ရဲစခန်း၏အဆိုအရ
သေဆုံးသူအတွက်နစ်နာကြေးအဖြစ် ယာဉ်မောင်းသူက ထိုင်းဘတ်ငွေ ၁၅၀၀၀
ပေးမည်ဟုကမ်းလှမ်းချက်ကို အလုပ်ရှင်နှင့်နာရေးကူညီမှုအသင်း ကလက်မခံဘဲြ ငင်းပယ်လိုက် ကာ ဥပဒေကြောင်းအရသာရင်ဆိုင်သွားမည် ဟု သေဆုံးသူ၏ထိုင်းအလု ပ်ရှင်ကပြောသ ည်။
အလုပ်ရှင်က”ဒီလိုဘဲအလွယ်တကူလက်ခံလိုင်ရင် နောက်ကိုဘတ်ငွေ ၁၅၀၀၀ ပေးရင်လူတွေကိုကားနဲ့ တိုက်သတ်လို့ရတယ်ဆိုတဲ့ အစဉ်အလာဖြစ်သွားမှာပေါ့ ကျွန်တော်တို့ဖြစ်စေချင်တာကနားလ ည်မှုနဲ့လူမှုရေး စိတ်ဓါတ်ပါ အခုဖြစ်ပုံကလာလည်းမကြည့်ဘူး လူမိုက်စကားလည်းပြောသေးတယ်”ဟုဆိုသည်။
သေဆုံးသူ၏ရုပ်ကလပ်ကို နောင်ဘွားထိုင်းဘုန်းတော်ကြီးကျောင်း၏ အသုဘရှုဇရပ်ရှိ အအေးခန်းထဲတွင် ထားရှိပြီး မအေးအေးမော်အတွက် ထိုင်းလူမှုဖူလုံရေးဌာနကပေးအပ်မည့်ခံစားခွင့်ကိုလက်ခံရယူရန် မိသား စုဝင်တစ်ဦး ထိုင်းနိုင်ငံမဲဆောက်သို့ အထောက်အထားစာရွက်စာတမ်းများဖြင့် လာရောက်ရမည်ဖြစ်သည်။
ထိုင်းနိုင်ငံဥပဒေအရ တရားဝင်အလုပ်သမားတဦးသေဆုံးပါက
ထိုင်းလူမှုဖူလုံရေးဌာနမှ နစ်နာကြေးနှင့်ခံ စားခွင့် ထိုင်းဘတ်ငွေ ၁၈၅,၀၀၀
ရရှိမည်ဖြစ်ပြီး ငွေလက်ခံမည့်သူသည်မိသားစုဝင်ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
ထိုင်းလူမှုဖူလုံရေးဌာနမှပေးအပ်သ ည့်နစ်နာကြေးများကို
ယခင်ကမဲဆောက်ဒေသတွင် အလားတူသေဆုံးခဲ့ကြသည့် မြန်မာအလုပ်သမား(၁၀)ဦးခန့်၏
မိသားစုဝင်များရရှိခဲ့ကြသည်ဟု နာရေးကူညီမှုအသင်း(မဲဆောက်)မှကို အရှည်ကြီးကပေါ်ပြူလာနယူးစ်ဂျာနယ် သို့ပြောသည်။
From -ပေါ်ပြူလာဂျာနယ်
No comments:
Post a Comment