Monday, August 13, 2012

၅ဝဝဝ တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ

မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဒေါ်ဝင်းပပ ၄၃ နှစ် (ဘ) ဦးဝင်းမောင်ပိုင် ''ရွှေသဒေါင်း'' ကုန်မာ ဆိုင် သို့ သြဂုတ် ၈ ရက် ညနေ ၄ နာရီခွဲ က ကျော်စိုးဝင်း ၃၁ နှစ် (ဘ) ဦးညိုေ အး ရွှေဘုံ သာကျေးရွာ မြောင်မြို့နယ် နေသူသည် ကုန်ပစ္စည်းများကို မသင်္ကာဖွယ် ၅ဝဝဝ တန် ငွေစက္ကူ များဖြင့် ဝယ် ယူေ   နကြောင်း သတင်းအရ မှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်လှကြည်နှင့် ဒုတိယ ရဲအုပ် ခင်မောင်ဦးတို့ ပါဝင် သည့်  ပူးပေါင်း အဖွဲ့က စစ်ဆေးရာ ကျော်စိုးဝင်းထံမှ ၅ဝဝဝ တန် ငွေစက္ကူ အတု ၃၇ ရွက်ကို သိမ်းဆ ည်း ရမိခဲ့သည်။

အဆိုပါ ငွေစက္ကူအတုများသည် တစ်ရွာတည်းနေ ကိုဦး(ခ) ဝင်းမြင့်လွင် ၄၂ နှစ် (ဘ) ဦးကြီးဆောင်ထံက အကြွေးအဖြစ်ရရှိကြောင်းသိရသဖြင့် ၎င်း၏ နေအိမ်ကို ထပ်မံဝင်ရောက် ရှာဖွေရာ ငွေစက္ကူ အတုများတွေ့ရြှိ ခင်း မရှိကြောင်း သိရသည်။ ကိုဦး(ခ) ဝင်းမြင့်လွင်ကို စစ်ဆေးချက်အရ လွန်ခဲ့သော ၁၅ ရက် ခန့်က အမည် မသိလူ သုံးဦး (စိစစ်ဆဲ)မှ ၎င်းပိုင်နွားတစ်ကောင်ကို ငွေကျပ် ငါးသိန်းဖြင့် လာရော က်ဝယ်ယူစ ဉ် ပေးချေသွားခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment