Monday, August 20, 2012

မြို့လယ်ခေါင်က ဒေါ်လာပွဲစားလူလိမ်များ နိုင်ငံခြားသားများ နှင့် အမျိုးသမီးများအား ပစ်မှတ်ထား၍လိမ်လည်နေ

ရန်ကုန်မြို့ဆူးလေစေတီတော် နှင့် ဧမာနွေလခရစ်ယာ န်ဘုရား ကျောင်း အနီးရှိ ဒေါ်လာပွဲစားများ   အနေဖြင့် လိမ်လည်မှု များကို နေ့စဉ်ဆိုသလြို ပုလုပ်လျက်ရှိနေပြီး ယင်းသို့လိမ်လည် ရာ၌နိုင်ငံခြားသားများ နှင့် အားနွဲ့သောမိန်းကလေးများအား အဓိက ပစ်မှတ်ထားကာ လိမ်လည် နေလျက် ရှိကြောင်း ယင်းတို့အနီးေ ဈး ရောင်း ချသူအချို့၏ြေ ပာ ကြား ချက် အရ စုံစမ်းသိရှိရသည်။

“ဒီကောင်တွေကို ဘယ်သူက  မှ အရေးမယူဘူးလားဗျာ။ လိမ် တာကိုက လူစုဖွဲ့ပြီးလိမ်တာနဲ့ မိုက်ကြေးခွဲပြီး လိမ်တဲ့သူတွေနဲ့။ ပြီးတော့ မြို့လယ်ခေါင်ကြီးမှာ ဆိုတော့ ပိုပြီးတော့တောင် မသင့်တော်ဘူး။ သူတို့လိမ်တဲ့ ပုံစံ  ကဒီလိုဗျ။ ဒေါ်လာလာရောင်းတဲ့ သူဆိုရင်  သူတို့က လက်ရှိပေါက် ဈေးထက်ဈေးနည်းနည်းပိုပေးလိုက်  တယ်။ အဲဒီ ဈေးနည်းနည်းပိုရ တာကို မက်ပြီးသူတို့နဲ့ အရောင်း  အ၀ယ်လုပ်တာနဲ့ လိမ်ခံရပြီသာ မှတ် လူတစ်ယောက်ယောက်က ဒေါ်လာရောင်းမယ်ဆိုရင် ဒီလူ လိမ်တွေကအုပ်စုနဲ့ ၀ိုင်းအုံလာပြီ။     ၀ယ်ပြီးလို့ငွေရှင်းခါနီးကျရင် လာရောင်းတဲ့သူရှေ့မှာ ငွေရေပြ  တာတော့အတိပဲ။ နောက်လည်း  ကျရော သူတို့အဖွဲ့ထဲက တစ်ယောက်ယောက်ကို လက်ညှိး  ထိုးပြပြီး ရဲလာနေပြီဆိုပြီး လာ ရောင်းတဲ့ သူလက်ထဲပိုက်ဆံထည့်  ပေးပြီး။ မြန်မြန်သွားခိုင်းပါလေ ရော။ အဲသလို သူတို့အကွက် ဆင်တာလိုဝင်သွားလို့ကတော့ လမ်းရောက်လို့ ငွေပြန်စစ်ရင် အနည်းဆုံးတစ်သောင်းကျော် လောက်ကွာနေရော”ဟု ဧမာနွေ  လဘုရားကျောင်းအနီမဟာဗန်္ဓုလ လမ်းပေါ်ဈေးရောင်းချနေသူတစ် ဦးမှပြောကြားခဲ့သည်။
ဒေါ်လာပွဲစားလူလိမ်များ  အနေဖြင့် မြို့လယ်ခေါင်၌ ကျက် စားကာ ကိုယ်ကျိုးရှာလိမ်လည် လျက်ရှိပြီး လိမ်လည်ရာ၌လည်း  ယင်းတို့အဖွဲ့ထဲမှ တစ်ဦးဦးအား ရဲဝန်ထမ်းဟူ၍ လိမ်လည်ဟန် ဆောင်စေကာ နိုင်ငံခြားငွေလာ ရောက်ရောင်းချသူ (သို့) ၀ယ်ယူ သူအား ဟန်ပြခြိမ်းခြောက်၍ ပေးရမည့်ငွေအား လက်ချောင်း  များဖြင့် လျှိုထားကာလိမ်လည်  ကြကြောင်း သိရသည်။
ရန်ကုန်မြို့လယ်ခေါင်ဆူးလေ စေတီတော်ကြီးနှင့် မြို့တော်ခန်းမ  ကြီးအနီးရှိအကြောင်းကြောင့် မြန်မာငွေလဲလှယ်လိုသူနိုင်ငံခြား  ဧည့်သည်များအနေဖြင့်လည်း ယင်း  လူလိမ်ပွဲစားများထံ ၀င်ရောက်လဲ လှယ်မိပါက နည်းလမ်းအမျိုးမျိုး ဖြင့် လိမ်လည်လျက်ရှိကြောင်းလည်း  သိရသည်။
“မိန်းကလေးတွေဆိုဝိုင်းအုံပြီး   အာရုံစားအောင်လုပ်တယ်။ တချို့ သံရုံးမှာ စာမေးပွဲကြေးသွင်းရမှာ မို့ ဒေါ်လာလာဝယ်တဲ့ မိန်းကလေး   တွေဆိုရင် ငွေလိမ်ခံရတာတင်မ ကဘူး။ ခါးပိုက်ပါနှိုက်ခံရဖူးတယ်။ ဒါတွေက မြို့လယ်ခေါင်ကြီးမှာ နေ့စဉ်တွေ့နေရတာပါ။ တစ်ခု စိုးရိမ်တာက မြို့လယ်ခေါင်က ဒီလိုလူလိမ်တွေကြောင့် ကမ္ဘာပေါ်  မှာ လူလိမ်အများဆုံးမြို့ကြီးအဖြစ်  တော့ ရန်ကုန်မြို့တော်ကြီးကို မရောက်စေချင်ဘူး”ဟု လေ့လာ သူတစ်ဦးမှလည်း ဒေါ်လာပွဲစား  လူလိမ်များအပေါ်သုံးသပ်ပြော ကြားသွားသည်။
နယ်မြေခံတာဝန်ရှိ အာဏာ  ပိုင်အဖွဲ့အအစည်းများအနေဖြင့်  လည်း  ယင်းလူလိမ်များအား ထိရောက်သော အရေးယူခြင်းများ မရှိသည့်အတွက် ယင်းလူလိမ်များ  မှာ ပိုမိုအတင့်ရဲလာကြကာ လိမ် မြဲလိမ်လျက်ရှိနေကြောင်း သိရှိရ သည်။

ခန့်ခန့်(ဒဿနိက)

From -HotNewsJournal

No comments:

Post a Comment