Friday, August 3, 2012

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စာပေထုတ်ဝေခွင့် (နသ) အာမခံငွေအားနိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း။


ရန်ကုန်၊ သြဂုတ် ၃။

စာပေစီစစ်ရေးနှင့် ပုံနှိပ်ခွင့် ဥပဒေညွန်ကြားချက် ၄၂ချိုးဖောက်သည်ဟု ဆိုကာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ နိုင်ငံရေး စာပေထုတ်ဝေခွင့် (နသ) တွက်တင်ထားသော အာမခံငွေ ကျပ်ငါးသိန်းကို စာပေစီစစ် နှင့် မှတ်ပုံတင် ဌာနမှ နိုင်ငံတော် ဘဏ္ဍာအဖြစ် ယနေ့ သိမ်းဆည်းလိုက်ကြောင်း အဆိုပါတီ၏ဒုတိယဥက္ကဌ ဦးတင်မောင်အေးက ပြောကြားသည်။

ဇူလိုင်လ၂၅ရက်နေ့က မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ထုတ်ဝေသည့် Peace and Diversity ပါတီမူ ၀ါဒ စာစဉ်အတွင်း နိုင်ငံရေးပါတီနှင့် မသက်ဆိုင်သည့် ဆောင်းပါးများ ပါဝင်နေသည်ဟု ဆိုကာ အဆိုပါညွန်ကြားချက် ၄၂ဖြင့် အရေးယူရခြင်းဖြစ်ကြောင်း စာပေစီစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ အဆိုပါ ပါတီသို့ ပေးသော အကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ကို စာစောင် ထုတ်ဝေခွင့် ဆက်မပေးတာမျိုးလည်း မဟုတ်ဘူး၊တင်ထားတဲ့ အာမခံငွေကို သိမ်းတာ။“ ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဒုတိယဥက္ကဌ ဦးတင်မောင်အေးက ဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ နိုင်ငံရေးပါတီ ထုတ်ဝေခွင့် (နသ) အတွက် အာမခံကျပ်ငွေငါးသိန်းခန့် ပြန်တင်မည် ဆိုပါက Peace and Diversity စာစဉ်ကို ပြန်လည် ထုတ်ဝေခွင့် ရရှိမည်ဟု စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ယင်းပါတီသို့ အကြောင်းကြားထားကြောင်း ဦးတင်မောင်အေးက ဆိုသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် ယခုပတ်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်း ဦးစားပေး ဂျာနယ် နှစ်စောင်အား ညွန်ကြားချက် ၄၄ ချိုးဖောက်သည်ဟုဆိုကာ ထုတ်ဝေခွင့် အကန့်သတ်မရှိ ရပ်ဆိုင်းထားခဲ့သည်။

No comments:

Post a Comment