Friday, August 17, 2012

ခွင့်ပြုချက်မရသေးဘဲ မန္တလေးမြို့တော်သစ်တည်ဆောက်ရန် အများပိုင်ကုမ္ပဏီထူထောင်ပြီး အစုရှယ်ယာများ ဖိတ်ခေါ်နေ


အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ၅မိုင်ခန့်အကွာတွင် နိုင်ငံတကာ အဆင့်မီ မြို့တော်သစ်တ ည်ဆောက် ရန်အတွက် မြို့တော်သစ်ဖွံ့ ဖြိုးတိုးတက်ရေး အများပိုင်ကုမ္မဏီကို ထူေ ထာင်ြ ပီးဖြစ်သော်လည်း ၄င်းစီမံကိန်းအတွက် သက်ဆိုင်ရာမှာ ခွင့်ပြုချက်မရေ သးကြောင်းသိရ သည်။မြို့တော်သစ်ကို ဧရိယာ ၂၂၀၀၀ ဧကပေါ် တွင်အေ ကာင် အထည်ေ ဖ်ာတည်ဆောက်မည်ဖြစ်၍ ၄င်းမြို့တော်သစ်စီ မံကိန်းထဲတွင်
လွတ်လပ်စွာကုန်သွယ်နိုင်သောဧရိယာ၊ အပန်းဖြေဥယျာဉ်လူမှုရေးဆိုင်ရာရင်ပြင်၊ ရှုခင်းသာအိမ်ရာ၊ ဟိုတယ်ဇုန်၊ ကူးသန်းရောင်းဝယ်ရေးဗဟိုဌာန၊ သိပ္ပံနှင့် ပညာရေးဗဟိုဌာနတို့ ပါဝင်မည်ဖြစ်သည်။

‘မြို့တော်သစ်စီမံကိန်းအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေတစ်ဆင့် လွှတ်တော်အထိတင်ပြထားပါတယ်။ ဒီမြို့သစ်ကြောင့် လူပေါင်းသိန်းချီအလုပ်အကိုင်တွေရလာနိုင်တယ်။ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်မယ်။ ခွင့်ပြုမိန့်ကျလာရင် ၁၀နှစ်အတွင်းအကောင်အထည်ဖော်တည်ဆောက်မှာပါ’ဟု မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမီတက်ကို ဦးဆောင်သူ ဦးခင်မောင်အေး(CB Bank ဥက္ကဌ) က ပြောသည်။

မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမီတက်မှာ မြို့တော်သစ်တည်ဆောက်ရေးစီမံကိန်းအပါအ၀င် ငွေစုငွေချေးလုပ်ငန်း၊ ငွေအပ်ခြင်းလုပ်ငန်းများပါ လုပ်ကိုင်မည်ဖြစ်ရာ ပါဝင်လိုသူများသည် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် အစုရှယ်ယာဝင်နိုင်ပြီး အစုရှယ်ယာ တစ်သိန်းထည့်ဝင်ပါက ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နိုင်ကြောင်း သိရသည်။

‘အခုမြို့တော်သစ်တည်ဆောက်မယ့်နေရာကို သွားကြည့်တော့ မြေနေရာတွေက စိုက်ပျိုးလို့မရတော့တဲ့မြေတွေဖြစ်နေတယ်။ လယ်ပိုင်ရှင်တွေကိုလည်း မြို့တော်သစ်စီမံကိန်းအတွက် ခွင့်ပြုချက်ကျရင် ထိုက်သင့်တဲ့လျှော်ကြေးငွေပေးသွားမှာပါ’ဟု ၄င်းက ပြောသည်။
From -Venus ဂျာနယ်

No comments:

Post a Comment