Tuesday, August 21, 2012

တပ်မတော် သဘောမတူပဲနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်တော့မှ မခိုင်မြဲနိုင်ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ အား ဒေါ်အော င်ဆန်းစုကြည် က  အောက်ပါအ တိုင်းပြောခဲ့ပါတယ်။ပြည်သူ့လွှတ်တော် ထဲမှာရှိတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှ ယ်တွေနဲ့ အချင်းချင်း နားလည်မှုရအောင် လုပ်ကြဖို့ လိုအပ်ကြောင်းကို လည်း ဒေါ်အောင်ဆန်းစုကြ ည်ကအောက်ပါအတိုင်း ပြောပါတယ်။

"ကျွန်မတို့ ဒါတော့ ပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ကျွန်မတို့ ကိုယ်စားလှယ်တွေကို ကျွန်မတို့ အများကြီး ပြောတယ်။ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တတ်နိုင်သမျှ ခင်မင်အောင် ပေါင်းပါ။ သူ့အမြင် ကိုယ့်အမြင် သိဖို့လိုတယ်။ အဆင်ပြေဖို့
လိုတယ်။ နောက်ဆုံးကျတော့ တပ်မတော် သဘောမတူပဲနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်တော့မှ မခိုင်မြဲနိုင်ဘူး။ အခုဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရကို မခိုင်မြဲနိုင်ဘူး။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရကို တပ်မတော်ရဲ့ သဘောဆန္ဒရှိသ၍သာ ဒီလွှတ်တော်က တည်မှာ။ တခြားဟာတွေ ကျွန်မတို့ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုဘူး။ တပ်မတော် အလိုရှိသလောက်ပဲ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ၊ တပ်မတော် အလိုရှိသလောက်ပဲ ကျွန်မတို့ရဲ့ လွှတ်တော်ရဲ့ သက်တမ်းကရှိမှာ။ အဲတော့ အဲဒီလို ဖြစ်နေတဲ့ အခြေအနေမှာ လက်တွေ့ကျကျ ကျွန်မတို့ တပ်မတော်ကနေပြီးတော့ ဒီမိုကရေစီကို နားလည် လက်ခံလာမှ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ အုတ်မြစ်ကျွန်မတို့ ချနိုင်မယ်"

  ကိုးကား -RFA Burmese

No comments:

Post a Comment