Friday, August 3, 2012

အသိပေး၍ကတိပေးစေလို

 from -http://www.hotnewsweekly.com
တို့ကရင်ပြည်နယ်တွင် ကော့ကရိတ် မြ၀တီလမ်းပိုင်းအားသွားလာနေ  ကြသော ၁၂ ဘီး၊ ယာဉ်၊ ၁၀ ဘီး ယာဉ်၊ မှန်လုံကြီး၊ မှန်လုံသေးယာဉ်၊ ဟိုင်းလက်ယာဉ်နှင့် အိမ်စီးယာဉ် အမျိုးမျိုးတို့သည် နိုင်ငံတော်မှ သတ်မှတ်ထားသောလမ်းနှင့် တံတားကြေးများကို တာဝန်ကျေ ပွန်စွာပေးဆောင်နေကြပါသည်။ သို့သော်လည်း လမ်းများအားပြု ပြင်မှုအားနည်းပါးခြင်း လမ်းများ  ပေါ်တွင်
ကတ္တရာများမရှိတော့ပဲ  ဖြစ်နေသည်။ လမ်းများပေါ်တွင်  လည်း ချိုင့်ခွက်များနက်ရှိုင်းများပြား   စွာဖြစ်ပေါ်နေမှုကြောင် ခရီးသွား   ပြည်သူများနှင့် ယာဉ်မောင်းသူတို့  မှာ စိုးရိမ်ကြောင်းကြမူကြီးစွာဖြင့်   သွားလာနေရပါသည်။ ထို့ပြင်လမ်း များသည် လမ်းဧရိယာကျဉ်းမြောင်း မှု ချိုင့်ခွက်များအားရှောင်ရှား၍ မရမှုတို့ကြောင့်သွားလာနေသော  ကားများ မပျက်စီးသင့်ပဲပျက်စီးမှု   များဖြစ်ပေါ်ကာလမ်းကြောပိတ် ဆို့မှုများနှင့် နေစဉ်ကြုံတွေ့နေရ ပါသည်။ သို့ဖြစ်၍ပြည်သူအများ ကြုံတွေ့နေရသောဒုက္ခများမှ ကင်ဝေးစေရန်ပြည်သူ့ဆောက်လုပ်   ရေးမှ တာဝန်ရှိလူကြီးမင်းများ အနေဖြင့် ပြည်သူဖက်မှတာဝန်    ကျေပြွန်သကဲ့သို့နိုင်ငံတော်ဖက်မှ လည်း တာဝန်ကျေပြွန်စေရန် ပြည်သူအများသိအောင်ဘယ်နေ့  ဘယ်ရက်ဘယ်အချိန်အခါမှာ ဘယ်ကိုပြုပြင်မည်ဖြစ်ကြောင်းကို ပြည်သူအများသိစေရန်သတင်းစာ  (သို့) ဂျာနယ်များမှတစ်ဆင့်အသိ ပေး၍ ကတိပေးစေလိုပါသည်။

No comments:

Post a Comment