Sunday, August 19, 2012

ဇီဝလောင်စာစီမံကိန်းဆို ပြီးစိုက်ခဲ့တဲ့ကြက်ဆူပင် တွေအမြစ်မှတူးကာစွန့် ပစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် တွင် မိုးသတ်လေပြင်းများ မကြာ ခဏတိုက်ခတ်ရွာသွန်းနေသူများ ကြောင့် လျှပ်စစ်အန္တရာယ်ကို ကာကွယ်ရန် လျှပ်စစ်ဓာတ်ကြိုး နှင့် မလွတ်သော၊ လျှပ်စစ်ဓာတ် ကြိုးများ အပေါ်သို့ ကျိုးကျနိုင် သော အပင်များကို ခုတ်ထွင်ရှင်း လင်းလျက်ရှိရာ ရန်ကင်းမော်လ မြိုင်ကားလမ်းမကြီး လမ်းဘေးဝဲ ယာရှိ ကျွန်းပင်များပါ ကတုံးတုံး ခံနေရသည်ဟု သိရသည်။

ကျန်ကျွန်းပင် တစ်ချို့မှာ လည်း လမ်းချဲ့ထွင်ခြင်း၊ ရေနုတ် မြောင်းတူးဖော်ခြင်းကြောင့် လဲပြို ကျပြီး အခုတ်ခံခဲ့ရသည်။ ပို၍ နှမြောစရာကောင်းလှသည်မှာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ဇီဝလောင်စာအတွက် စီမံကိန်းများနှင့် ထောင်သောင်း သိန်းသိန်းပေါင်းများစွာအထူးဇုန် များသတ်မှတ်ပြီး ငွေအကုန်အကျ ခံကာ စိုက်ပျိုးထားသာကြောင့် ကြက်ဆူပင်များကို ခုတ်ထွင်လွှင့် ပစ်နေကြသည်ဟု သိရသည်။ ကားလမ်းမကြီးများ၏ လမ်းဘေး ၀ဲယာတစ်ဖက်တစ်ချက်တွင် အမြစ်ပါမကျန် တူးဖော်ပစ်လိုက် ခြင်းဖြစ်ရာ ယခုအခါတွင် ဇီဝ လောင်စာအကြောင်း ပြောသံပင် မကြားရတာ့ဟုသိရသည်။
From -HotNewsJournal

No comments:

Post a Comment