Wednesday, August 1, 2012

ညနေ ၃ နာရီမှာ မီဒီယာသမားတွေ အစည်းအဝေး ပြုလုပ်ကြမည်။


The Irrawaddy (Burmese Version)

ဒီညနေ ၃ နာရီမှာ ရန်ကုန် ရွှေဂုံတိုင်က တော်ဝင်နှင်းဆီမှာ မီဒီယာသမားတွေ အစည်းအဝေး ကျင်းပမယ်လို့ သိရပါတယ်။ မီဒီယာလွတ်လပ်ခွင့်၊ ဂျာနယ်တွေ ထုတ်ဝေခွင့် ပိတ်ခံရတဲ့ မနေ့က ကိစ္စ စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှာပါတဲ့။ မီဒီယာသမား မှန်ရင် ဘယ်သူရယ်လို့ မခွဲခြားဘဲ အားလုံးတက်ရောက် ကြပါလို့ နှိုးဆော်ထားပါတယ်။ နောက်ပြန်မဆုတ်ဘူး ဆိုတဲ့စကားကို နောက်ဆုတ်ရင်းပြောနေတဲ့ ပြန်ကြားရေး စာပေစိစစ်ရေးနဲ့ သည်းမခံနိုင်တော့တဲ့ မီဒီယာသမားတွေ အကြား ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ဒီအစည်းအဝေး နောက်ပိုင်း သိရလိမ့်မယ် ထင်ပါတယ်။



No comments:

Post a Comment