Tuesday, August 21, 2012

ရန်ကုန်တိုင်းအစိုးရမှ ပုံနှိပ်မီဒီယာများကို ၀င်ခွင့်မပြု



ရန်ကုန်၊ သြဂုတ် ၂၁ အသစ်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်များ စုံစမ်းရေးကော်မရှင်နှင့် နယ်စပ်ရေးရာဝန်ြ ကီးဌာန ပြည်ေ ထာင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့တွေ့ ဆုံပွဲကို ပြည် တွင်းမီဒီယာ များတက်ရောက်ရန် နယ်စပ်ရေးရာဝန်ကြီးက ဖိတ်ကြား ထားေ သ်ာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်တွင်း ပုံနှိပ်မီဒီယာများကို တက်ရောက် ခွင့်မပြုေ ကြာင်း သတ င်းေ ထာက်များကပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်
ကျင်းပနေသည့် အဆိုပါအခမ်းအနား ကို နယ်စပ်ရေးရာဝန်ကြီး၏ ဖိတ်ကြားချက်အရ သတင်းတက်ရောက်ရယူရန် သွားရောက်သော်လည်း ၀င်ခွင့်မရသဖြင့် လွှတ်တော်ဂိတ်ပေါက် တွင် စောင့်ဆိုင်းနေသော ပြည်တွင်းပုံနှိပ်မီဒီယာများမှ သတင်းထောက် များကယင်းသို့ပြောကြားခြင်းဖြစ်သည်။ ဂိတ်ပေါက်တွင်စောင့်ဆိုင်းနေသော သတင်းထောက် အယောက် ၂၀ခန့် ရှိကြောင်း၊ တာဝန်ယူဖိတ်ကြားသည့် ပြည်တွင်းသတင်းထောက် တစ်ဦးက နယ်စပ်ရေးရာဝန်ကြီး၏ PSO (ကိုယ်ရေးအရာရှိ)ထံ ဆက်သွယ်မေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တက်ရောက်ခွင့် မပြုခြင်းဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။ အဆိုပါအခမ်းအနားသို့ ပြည်တွင်း သတင်းရုပ်သံများဖြစ်သော MRTV(မြန်မာ့ရုပ်မြင်သံကြား)၊ မြ၀တီ နှင့် Skynet ရုပ်သံများသာ ၀င်ရောက် သတင်းရယူခွင့်ပြုခဲ့သည်



 From -TheViceWeekly

No comments:

Post a Comment